နောက်ဆုံးရ သတင်းများ

O Media

(၈၈)မျိုးဆက်ရုံးခန်းကို နေ့ခင်းကြောင်တောင် စစ်တပ်ကဝင်စီးပြီး မီးခံသေတ္တာယူသွား

8 Mar
သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမပေါ်က (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းကို စစ်အင်အား အလုံးအရင်းနဲ့ ဒီနေ့ နေ့လည်(၁)နာရီက ဝင်စီးခဲ့တယ်လို့ (၈၈)ငြိမ်းပွင့်က ထုတ်ပြန်ပါတယ်။
O Media

သေနတ်ဖောက်သံတွေကို မကြောက်ဘဲ ထဘီခံတပ်နဲ့အတူပြန်တော်လှန်နေကြတဲ့ ရန်ကုန်လူထု

8 Mar
ဒီနေ့ မတ်လ(၈)ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပြီး ရန်ကုန်မှာဆိုရင် မနေ့ညက မြို့နယ်တော်တော်များများမှာ သေနတ်ဖောက်သံတွေကို ကြားခဲ့ကြပါတယ်။
O Media

ဖျာပုံမှာလည်း စစ်တပ်နဲ့ရဲကပစ်ခတ်လို့ တစ်ယောက်ကျဆုံးပြီး(၅)ယောက် စိုးရိမ်ဒဏ်ရာရ

8 Mar
ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့က အာဏာရှင်ဆန့်ကျင်‌ရေးဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲပူးပေါင်းအဖွဲ့က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် တစ်ယာက်ဗိုက်ထိ ကျဆုံးသွားပြီး (၅) ယောက် စိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက O Media ကို ပြောပါတယ်။
O Media

မြစ်ကြီးနားမှာ တပ်နဲ့ရဲကအကြမ်းဖက်ပစ်ခတ်လို့ (၂)ယောက်ခေါင်းထိသေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေရှိ

8 Mar
ဒီနေ့မြစ်ကြီးနားမြို့မှာ စစ်တပ်နဲ့ရဲဝတ်စုံတွေဝတ်ထားတဲ့ လက်နက်ကိုင်တွေက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပြီး ကျည်အစစ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နှစ်ယောက်ခေါင်းထိသေဆုံးသွားပြီး ပြင်းထန်ဒဏ်ရာ ရသူတွေ (၂)ယောက်ထက်မနည်းရှိတာကို ဒေသခံတစ်ယောက်ရဲ့ Live လွှင့်ချက်အရ သိရပါတယ်။
O Media

KNU ထဲကို CDM လုပ်တဲ့ ရဲတပ်ဖွဲ့ဝင်(၈)ယောက်...

8 Mar
CDM ထဲပါဝင်လာတဲ့ ရဲတပ်သား(၈)ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ KNU-သထုံခရိုင်တပ်မဟာ(၁)၊ ကျိုက်ထိုမြို့နယ် KNLA-တပ်ရင်း(၃)မှာ လာရောက်ခိုလှုံခဲ့ကြတယ်လို့ KNU က သိရပါတယ်။
O Media

တပ်နဲ့ရဲက အကြမ်းဖက်ဖမ်းဆီးသွားတဲ့ ပန်းဘဲတန်း NLD ဥက္ကဋ္ဌသေဆုံး

7 Mar
မနေ့ညက ပန်းဘဲတန်းမြို့နယ် လမ်း(၃၀) အလယ်လမ်းမှာ စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့က အကြမ်းဖက် ဖမ်းဆီးသွားတဲ့ NLD ရပ်ကွက်ဥက္ကဋ္ဌ ဦးခင်မောင်လတ်ဆုံးပါးသွားတဲ့အကြောင်း အကြောင်းကြားလာတယ်လို့ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်က ရေးသားထားပါတယ်။
O Media

ပုဂံမှာဆန္ဒပြသူတွေကို စစ်တပ်ကကျည်အစစ်နဲ့ အကြမ်းဖက်ပစ်ခတ်လို့ တစ်ယောက်ဒဏ်ရာရ

7 Mar
ပုဂံမှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်က ကျည်အစစ်နဲ့ အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် လူငယ်အမျိုးသားတစ်ယောက် ကျည်ထိမှန်ခဲ့ပြီး လေးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြချိန်မှာပါဝင်တဲ့ ဒေသခံတစ်ယောက်က O Media ကိုပြောပါတယ်။
O Media

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အိန္ဒိယက အရေးပါတယ်လို့ ဗြိတိန်ပြော

7 Mar
Photo : AFP မတ်လ (၆) ရက်၊ ၂၀၂၁။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားတွေ ပြောင်းလဲနိုင်ဖို့အတွက်...
O Media

မြန်မာစစ်တပ်ရဲ့ Youtube Channel ငါးခု ထပ်မံ...

7 Mar
အမေရိကန် အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ Alphabet အဖွဲ့လက်အောက်က YouTube ဟာ မြန်မာစစ်တပ်ဦးစီးတဲ့ Channels ငါးခုကို ထပ်မံပိတ်သိမ်းလိုက်ကြောင်း နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
O Media

KNU နဲ့တွေ့ဆုံအပြီး RCSS နဲ့ပါ ဒေါက်တာဆာဆာ...

7 Mar
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့ ဒေါက်တာဆာဆာတို့ တွေ့ဆုံစကားပြောဖို့ရှိတယ်လို့ သူ့ရဲ့ရေးသားဖော်ပြချက်အရ သိရပါတယ်။