ကမ္ဘာ့ Esports ပြိုင်ပွဲတစ်ခုမှာ ဗိုလ်လုပွဲရောက်ခဲ့တဲ့ BG က အာဏာရှင်အစိုးရသစ်ကိုလက်မခံဘူးလို့ထုတ်ပြန်

0
37
O Media
O Media

ဖေဖော်ဝါရီ(၂)ရက်၊ ၂၀၂၁။

ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ကမ္ဘာ့ Mobile Legends ပြိုင်ပွဲတစ်ခုဖြစ်တဲ့ M2 ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ မြန်မာ Esports အသင်း Burmese Ghouls ဟာ အခုအသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေကို အယုံကြည်မရှိသလို လက်မခံဘူးလို့ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

“မိမိတို့ ဆန္ဒမဲပေးခဲ့သော အစိုးရသည်သာ တစ်ခုတည်းသော တည်ဆဲအစိုးရဖြစ်ပြီး စစ်အာဏာရှင်၏ အသစ်ဖွဲ့စည်းသော အစိုးရအဖွဲ့ဝင်များကို အယုံအကြည်မရှိ လက်မခံပါ။”လို့ Burmese Ghouls ရဲ့ တရားဝင် Page ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Burmese Ghouls စစ်အာဏာရှင်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကနေ အထောက်အပံ့ယူထားတဲ့ အသင်းတွေနဲ့ ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထားပါတယ်။

သူတို့အဖွဲ့ဟာ Civil Disobedience လုပ်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူ့၀န်ထမ်းအင်ဂျင်နီယာတွေ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်တွေ၊ တခြားဌာနဆိုင်ရာပြည်သူ့ဝန်ထမ်းတွေနဲ့ အတူတကွရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။

Burmese Ghouls အသင်းဟာ M2 World Championship ဗိုလ်လုပွဲအထိတက်နိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူတို့အဖွဲ့နဲ့ဗိုလ်လုပ်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ပထမဆုရခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု Bren Esports အသင်းဟာလည်း #SAVEMYANMAR ဆိုပြီး တင်ထားပါတယ်။