ကမ္ဘာပေါ်က အချမ်းသာဆုံး Rapper(၅)ယောက်

0
208
Hip Hop

ဒီနေ့မှာတော့ ကမ္ဘာပေါ်က အချမ်းသာဆုံး Rapper (၅) ယောက်အကြောင်းကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ နံပတ်(၅)ကနေ စပြီး တင်ပြပေးသွားပါမယ်။

(၅) Drake

Photo: Drake (twitter)

$150 million

အသက် ၃၂နှစ်အရွယ် ကနေဒီယန်လူမျိူးဖြစ်ပြီး ရာစုနှစ်တခုရဲ့ အငယ်ဆုံးစာရင်းဝင်တစ်ယောက် ဖြစ်လာပါတယ်။

သူဟာ Hip Hop လောကထဲမှာ ခပ်မြန်မြန်အောင်မြင်မှုရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်။

Drake ရဲ့ ကံကြမ္မာဟာလွန်ခဲ့တဲ့နှစ်တွေကထပ်ပိုပြီးကောင်းလာတယ်လို့ ဆိုနိုင်ပါတယ်။
သူဟာ သူ့ရဲ့ ဗာဂျီးနီးယား ဘလက်ဝီစကီကိုလည်း အဆင့်မြှင့်တင်ခဲ့သလို အမြတ်များများရတဲ့ Show တွေကိုလည်း လှည့်လည်ဖျော်ဖြေခဲ့ပါသေးတယ်။

(၄) Kanye West

Photo: Kanye West (Twitter)

$240 million

Kanye ဟာ Yeezy ဖိနပ် အရံပေါင်း 750ကို ဇွန်လ(၁၁)ရက်နေ့ 2016 တုန်းက ထုတ်လုပ်ခဲ့ပါတယ်။

သူ့သီချင်းတွေနဲ့အတူ သူရဲ့ဖိနပ်တွေကပါ လူငယ်တွေကြားရေပန်းစားခဲ့ပါတယ်။

ဒါ့ပေမဲ့ သူမှာ အကြွေး ဒေါ်လာ ၅၃သန်းရှိကြောင်းကိုတရားဝင် ကြေညာပြီး Mark Zuckerberg ကို သူ့အတွက် ရန်ပုံငွေအဖြစ် ဒေါ်လာသန်း ၁၀၀၀ ကို ၂၀၁၆မှာ တောင်းခံခဲ့ဖူးပါတယ်။

West ဟာ သူရဲ့ကျေးဇူးတင်စကားထဲမှာ Adidas ကိုပါ ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။

(၃) Diddy

Photo: Diddy (Twitter)

$740 million

“အသက်၁၂ကတည်းက ကျွန်တော် သတင်းစာပို့တဲ့စီးပွားရေးကိုစလုပ်ခဲ့တယ်” လို့ Diddy ဟာလွန်ခဲ့တဲ့ ၂နှစ်လောက်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ဟာ ကျွန်တော်ရဲ့ ဖောက်သည်တွေအတွက် အကောင်းသော ဝန်ဆောင်မှုတွေကို အမြဲ ပြောင်းလဲပီး ပေးပါတယ်။ သီချင်းတွေ၊ အဝတ်အစားတွေ ဒါမှမဟုတ် ဗောဒကာပေါ့၊ ဒီလိုအလုပ်ကြိုးစားမှုအတွက် ကျွန်တော့်ဆီကို အကျိုးသက်ရောက်မှုတွေ ပြန်ရောက်လာမှာပါ”လို့ Diddy ကပြောပါတယ်။

Puff Daddy လို အရင်တည်းကလူသိများခဲ့ပြီး သူ ရဲ့ အဝတ်အစားထုတ်လုပ်ရေးဖြစ်တဲ့ Sean John ဟာလဲ အရမ်း နာမည်ရပါတယ်။

သူရဲ့ကံကြမ္မာဟာတစ်ဖြည်းဖြည်းပိုကောင်းလာတယ်ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Billion Dollar ကလပ်မှာ Jay-Z နဲ့အတူ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

(၂) Dr. Dre

Photo: Dr Dre (Twitter)

$800 million

လွန်ခဲ့တဲ့ (၅)နှစ်လောက်တည်းက Dr Dre ဟာ သူ့ကိုယ်သူ ဘီလျံနာသူဌေးကြီးလို့ကြေညာခဲ့ပါတယ်။

သူဟာ သူရဲ့ Dr.Dre Beat Headphone ကို Apple ကိုရောင်းချခဲ့တာဖြစ်ပါတယ်။ Apple ကတော့ ဒေါ်လာသန်း ၂.၆ ထောင်ကို ငွေသားနဲ့ပေးခဲ့ပြီး ကျန်တဲ့ ဒေါ်လာ၂၉၅သန်းကိုတော့ ချန်ထားခဲ့ပါတယ်။

Dre ဟာထွက်သွားချိန်မှာတော့ ဒေါ်လာ သန်း( ၅၀၀)သာပါသွားခဲ့ပါတယ်။

(၁) Jay-Z

Photo: Roc Nation

$1 billion

Jay Z လိုပြောလိုက်တာနဲ့ Hip Hop လောကရဲ့ အချမ်းသာဆုံးသော ဘီလီယျံနာသူဌေးကြီးလို့
လူတိုင်း သိပြီးသားဖြစ်မှာပါ။ သူရဲ့ကံကြမ္မာကတော့ တော်တော်လေးကို ကောင်းခဲ့ပါတယ်။

သူနဲ့သူရဲ့အမျိုးသမီး Beyoncé ကတော့အခုအချိန်မှာ ဒေါ်လာသန်း ၁ ဒဿမ ၄ ထောင်ပိုင်ဆိုင်ပါတယ်။ ဂီတကတော့ သူတို့(၂)ယောက်အတွက် အဓိက စီးပွားရေးပါပဲ။