ကိုဗစ်ကပ်ရောဂါပပျောက်ရေး တိုင်းအစိုးရအစီအစဉ်နဲ့ ရန်ကုန်တိုင်းထဲ ပရိတ်ရွတ်ဖတ်ပူဇော်မယ်

0
35
O Media
O Media

Photo : ကိုဗစ်ပထမလှိုင်းဖြစ်စဉ်အတွင်း မြို့နယ်အစီအစဉ်ဖြင့် ပရိတ်တရားတော်လှည့်လည်ပူဇော်စဉ်

စက်တင်ဘာ(၁၇)ရက်၊ ၂၀၂၀။

ကိုဗစ်ရောဂါအန္တရာယ် အမြန်ပျောက်ကင်းစေဖို့ ရန်ကုန်တိုင်းဒေသကြီးထဲ ပရိတ်တရားတော်နဲ့ ပဌာန်းဒေသနာတော် လှည့်လည်ရွတ်ဖတ်ပူဇော်တာကို ဒီနေ့ စက်တင်ဘာလ(၁၇)ရက်၊ ညနေ(၃)နာရီမှာ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။

“ဆရာတော်ကြီး(၉)ပါး၊ သီလှရှင်ဆရာကြီး(၉)ပါးနဲ့ ကားကြီး(၂)စီးနဲ့ မြို့ပတ်ပါမယ်။”လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမိုးဟိန်းက O Media ကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ နှစ်သစ်ကူး တရားအလှူတော်ဓမ္မသဘင် ကျင်းပရေးကော်မတီတို့က စီစဉ်လုပ်ဆောင်တာလို့ သိရပါတယ်။

အဲဒီအစီအစဉ်ကို ကမ္ဘာအေးဘုရားကနေ စတင် လှည့်လည်ပူဇော်သွားမယ်လို့လည်း သိရပါတယ်။