ကိုဗစ်ကြောင့် အစိုးရညွှန်ကြားချက်တွေကို ဇွန်လကုန်ထိ သက်တမ်းထပ်တိုး

0
25
O Media
O Media

ဇွန်(၁၃)ရက်၊ ၂၀၂၀။

ကိုဗစ်ကြောင့် ဖြေလျှော့ပေးထားတာတွေကလွဲပြီး အစိုးရထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်၊ အမိန့်ကြော်ငြာစာနဲ့ ပန်ကြားချက်တွေကို ဇွန်လ(၃၀)ရက်နေ့အထိ ထပ်တိုးမြှင့်လိုက်တယ်လို့ အမျိုးသားအဆင့်ကိုဗစ်ထိန်းချုပ် ကာကွယ်ရေးကော်မတီက ဇွန်လ(၁၂)ရက်နေ့ညပိုင်းက ကြေညာလိုက်ပါတယ်။

အစိုးရက ဖြေလျှော့ပေးထားတဲ့ ကိစ္စတွေမှာတော့ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်ခွင့်ပေးတာ၊ လူ(၅)ယောက် ထက်ပိုစုလို့ရမယ့် ကိစ္စတွေကိုထပ်တိုးကြေညာတာ၊ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးတာ၊ ကျောင်းကိစ္စနဲ့ တစ်ခြားကိစ္စရပ်တွေဖြစ်ပါတယ်။

ဒီနေ့ဇွန်လ(၁၃)ရက်နေ့အထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၂၆၁)ယောက်ရှိပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၁၆၅)ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေပါတယ်။