ကိုဗစ်ဆေးသစ် The Novavax က ကိုဗစ်သန္ဓေပြောင်းဗိုင်းရပ်စ်အတွက် ၈၉.၃ ရာခိုင်နှုန်း ထိရောက်မှုရှိ

0
75
O Media
O Media

Photo : AFP

ဇန်နဝါရီ (၂၉) ရက်၊ ၂၀၂၁။

ဗြိတိန်နိုင်ငံမှာ စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးသစ် The Novavax က ကိုဗစ်သန္ဓေပြောင်းဗိုင်းရပ်စ်အတွက် ၈၉.၃ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဘီဘီစီဆေးဘက်ဆိုင်ရာ အယ်ဒီတာ ဖားဂတ်စ်ဝေ့ရှ်က ထုတ်ဖော်ရေးသားခဲ့ပါတယ်။

အဲဒီဆေးဟာ ‌ဗြိတိန်မှာကူးစက်နှုန်းမြန်လွန်းနေတဲ့ သန္ဓေပြောင်း ကိုဗစ်ဗိုင်းရပ်စ်ကိုလည်း ထိရောက်စွာ တားဆီးနိုင်တယ်လို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က သူတို့နိုင်ငံက ကာကွယ်ဆေးအသစ်ထွက်ရှိလာနိုင်လို့ သတင်းကောင်းဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့သလို The Novavax ကာကွယ်ဆေး သန်း (၆၀) ကို Stockton-on-Tees မှာ ထုတ်လုပ်ပြီး အခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ စတင်ထုတ်လုပ်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

The Novavax ကာကွယ်ဆေးကို ဗြိတိန်ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုထုတ်လုပ်မှု စည်းမျဉ်းသတ်မှတ်ရေးအေဂျင်စီ (MHRA) က အသိအမှတ် ပြုပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုအတည်ပြုနိုင်ဖို့အတွက် ဗြိတိန်မှာ လက်တွေ့စမ်းသပ်မှုကို လူပေါင်း (၁၅၀၀၀) နဲ့ စမ်းသပ်ခဲ့ပြီး (၁၈) နှစ်နဲ့ (၈၄) နှစ်ကြားလူတွေကို စမ်းသပ်ခဲ့ရာမှာ (၆၅) နှစ်အထက် လူပေါင်း (၂၇) ရာခိုင်နှုန်းပါဝင်ခဲ့တယ်လို့ The Novavax က ထုတ်ပြန်ပါတယ်။

လက်ရှိပျံ့နှံ့နေတဲ့ ကူးစက်မြန်ကိုဗစ်သန္ဓေပြောင်းဗိုင်းရပ်စ်ဟာ တောင်အာဖရိကနိုင်ငံကနေစတင် ကူးစက်လာတာဖြစ်လို့ တောင်အာဖရိကမှာလည်း The Novavax ဆေးကို သွားရောက်စမ်းသပ်ရာမှာ HIV ပိုးမရှိတဲ့လူနာတွေအတွက် ၆၀ ရာခိုင်နှုန်းအထိ အကျိုးထိရောက်မှုရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဗြိတိန်ဟာ Oxford University and AstraZeneca ၊ Pfizer and BioNTech နဲ့ Moderna ကိုဗစ်ကာကွယ်ဆေးသုံးမျိုးကိုလည်း အသိအမှတ်ပြုပေးခဲ့ပြီး အခုအချိန်အထိ ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးပြီးသူပေါင်း (၇.၄) သန်း ရှိနေပြီဖြစ်ပါတယ်။

Ref : BBC