Photo : MOHS/ U Min Thu’s FB
ဖေဖော်ဝါရီ(၁)ရက်၊ ၂၀၂၁။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဟာ ရာထူးကနေ စွန့်ခွာတော့မယ်လို့ ဒီနေ့ MOHS မှာ ဖော်ပြခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူရဲ့ Facebook မှာလည်း သူ့ရဲ့ဝန်ကြီးတာဝန်ပြီးဆုံးသွားပြီလို့ ရေးသားထားကြပါတယ်။
ဒီနေ့တပ်မတော်က အာဏာလွှဲပြောင်းယူလိုက်တဲ့နေ့မှာပဲ ပြည်ထောင်စုဝန်ကြီးနှစ်ပါးနဲ့ သက်ဆိုင်တဲ့ Page တွေမှာ ဖော်ပြထားကြတာဖြစ်ပါတယ်။
ဒေါက်တာမြင့်ထွေးဟာ ကျန်းမာရေးစနစ် အခုလောက်ထိဖွံ့ဖြိုးလာအောင်လုပ်နိုင်တာဟာ အကုန်လုံးပူးပေါင်းပါဝင်ခဲ့လို့ဖြစ်ပြီး တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကား ပြောဖို့မဖြစ်နိုင်ပေမဲ့ စိတ်လှိုင်းတွေကနေ တစ်ယောက်ချင်းစီကို ကျေးဇူးတင်နေမှာဖြစ်သလို ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ကြဖို့ ပြောကြားထားပါတယ်။
ဦးမင်းသူကတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေအပေါ်မှာ လိုအပ်ချက်တွေကို ဝေဖန်အကြံပြုခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ပြောထားပြီး ပြည်သူအကုန်လုံး ကိုဗစ်ကပ်ဘေးကင်းဝေးပါစေလို့ ဆုတောင်းပေးထားပါတယ်။
အခုအချိန်မှာ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာထားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေးကိစ္စရပ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှဲပြောင်းရယူထားပါတယ်။