စစ်တပ်အနေနဲ့ အကြမ်းဖက်တာတွေ ရပ်ကိုရပ်တန့်ရမယ်လို့ US သံရုံး ညတွင်းချင်းထုတ်ပြန်

0
22
O Media
O Media

Photo : AFP

ဖေဖော်ဝါရီ(၂၀)၊ ၂၀၂၀၁။

မမြသွဲ့သွဲ့ခိုင် နေပြည်တော်မှာ သေဆုံးပြီးနောက်တစ်နေ့ဖြစ်တဲ့ ဒီနေ့မှာပဲ မန္တလေးမှာ ဆန္ဒပြသူတွေကို အသက်သေအောင်ပစ်ခတ်တဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ အမေရိကန်သံရုံးက ဒီနေ့ညပိုင်း(၁၀)နာရီကျော်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်အနေနဲ့ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်တာကို ရပ်ကိုရပ်တန့်ရမှာဖြစ်တယ်လို့လည်း အမေရိကန်သံရုံးက ဆိုပါတယ်။

ဒါ့အပြင် ဆန့်ကျင်သွေဖယ်ခွင့်ကို ကျင့်သုံးတာတဲ့အတွက် ဘယ်သူတစ်ယောက်မှာ ထိခိုက်နစ်နစ်ပြီး အန္တရယ်မကျရောက်သင့်ဘူးလို့လည်း ထတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ညနေပိုင်းမှာတော့ မန္တလေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတာကြောင့် သေဆုံးသူ(၂)ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။