စစ်အာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ချင်းအမျိုးသားနေ့မှာ ချင်းလွှတ်တော်ကိုယ်စားပြုကော်မတီ တိုက်တွန်း

0
22
O Media
O Media

ဖေဖော်ဝါရီ(၂၀)ရက်၊ ၂၀၂၁။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ချင်းတစ်မျိုးသားလုံးနဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေ စည်းစည်းလုံးလုံးနဲ့ ဆက်ကြိုးစားကြဖို့ တိုက်တွန်းလိုတယ်လို့ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (Chin-CRCH) ရဲ့ ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့ ကျရောက်တဲ့ (၇၃)နှစ်မြောက်ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပြီး စည်းစည်းလုံးလုံးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ တိုက်တွန်းလိုတယ်လို့လည်း ပါရှိပါတယ်။

အခုအချိန်ဟာ တပ်မတော်ခေါင်းဆောင်တွေရဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့ဒီမိုကရေစီစနစ်ကို ကြီးမားတဲ့ အန္တရာယ်ကျရောက် နေတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တပ်မတော်က ဖေဖေါ်ဝါရီလ(၁)ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှာတော့ ရွေးကောက်ခံပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးရာဝန်းကျင်က ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာတိုင်းပြည်နယ် အလိုက်အနိုင်ရ ကိုယ်စားလှယ်တွေကပါ လွှတ်တော်ကိုယ်စားပြုကော်မတီတွေကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။