စီးပွားရေးဘဏ်ဝန်ထမ်းတွေကို ရဲနဲ့စစ်တပ်ကလာဖိအားပေးလို့ ပြည်သူတွေကတားဆီး ဆန္ဒပြ

0
33
O Media
O Media

ဖေဖော်ဝါရီ(၁၅)ရက်၊ ၂၀၂၁။

သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်မှာရှိတဲ့ ဘဏ်ရိပ်သာက စီးပွားရေးဘဏ်ဝန်ထမ်းတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လာရောက်ဖိအားပေးလို့ ရပ်ကွက်နေ ပြည်သူတွေက တားဆီးပြီး ဆန္ဒပြနေကြပါတယ်။

ဒီနေ့ မနက်ပိုင်း(၇)နာရီဝန်းကျင်မှာ ရဲကား(၃)စီး၊ စစ်ကားတစ်စီးနဲ့ လာရောက်ဖိအားပေးတာကြောင့် ရပ်ကွက်နေပြည်သူရာနဲ့ချီပြီး ဘဏ်ရိပ်သာ အဝင်လမ်းတွေကနေ ဆန္ဒပြနေကြတာပါ။