ဇွန်လမှာမွေးတဲ့ ကမ္ဘာကျော် စိတ္တဇလူသတ်သမား(၄)ယောက်

0
315
စိတၱဇလူသတ္သမား
စိတၱဇလူသတ္သမား

မနက်ဖန်ဆိုရင်တော့ (၅)လပိုင်းကုန်ပြီး June လ (၆)လပိုင်းကို ရောက်တော့မှာ ဖြစ်တဲ့အတွက် June လမှာမွေးခဲ့တဲ့ နာမည်ကျော် စိတ္တဇလူသတ်သမား(၄)ယောက်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နံပါတ်(၁) David Richard Berkowitz (1 June 1953)

PHOTO: Wiki

David ကို ၁၉၅၃ ခုနစ် ဇွန်လ (၁)ရက်မှာ မွေးဖွားခဲ့ပါတယ်။ Son of Sam လိုနာမည်ကြီးပြီး 44 Caliber Killer လို့လည်းနာမည်ကြီးတဲ့ အမေရိကန်စိတ္တဇလူသတ်သမားတယောက်ပါ။

၁၉၇၆ ခုနစ် နွေရာသီမှာ New York မြို့က နေရာ (၈)နေရာကို သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ 44 Carliber Bulldog လိုခေါ်ကြတဲ့ခြောက်လုံးပြူးကို အသုံးပြုပီ ပစ်ခတ်ခဲ့ပါတယ်။

လူ၆ယောက်သေပြီး (၇)ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရဲတွေကို ရာဇဝတ်မှု မကျူးလွန်ခင် သဲလွန်စတွေပို့ခဲ့ပြီး၁၉၉၀ နှစ်လယ်မှာ တော့သူရဲ့အပြစ်အတွက် ဖြောင့်ချက်ပေးခဲ့ပါတယ်။

နံပါတ်(၂) Peter William Sutcliffe ( 2 June 1946)

PHOTO: The Famous People

Peter William Sutcliffe ကို 1946 ခုနှစ် ဇွန်လ (၂)ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။
၁၉၈၁ ခုနှစ်မှာတော့ အမျိုးသမီး (၁၃)ယောက် ကိုသတ်မှု အပြင် အမျိုးသမီး (၇)ယောက် ကိုသတ်ဖို့ ကြံစည်အားထုတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

Sutcliffe ဟာ အစမှာတော့ အမျိုးသမီးနဲ့ မိန်းမငယ်တွေကို လူမြင်ကွင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး
နောက်ပိုင်းမှာတော့ ပြည့်တန်ဆာတွေကို သတ်ပစ်ဖို့ ဘုရားသခင်က ပြောတာပါလို့ထွက်ဆိုခဲ့ပါတယ်။

(၅)နှစ်လောက် လူသတ်မှုကိုကျူးလွန်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာတော့ ကားနံပါတ်ပြားအတု အသုံးပြုမှုနဲ့အဖမ်းခံခဲ့ရပြီးတဲ့နောက် သူရဲ့လူသတ်မှုတွေအတွက်ပါ ဖြောင့်ချက်ပေးခဲ့ပါတယ်။

သူဟာ လူပေါင်း(၁၃)ယောက်အထိကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

နံပါတ်(၃) Arthur John Shawcross (June 6, 1945)

PHOTO: allthatsinteresting

Arthur ကို ၁၉၄၅ ခုနှစ် ဇွန်လ(၆)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ပထမဆုံးလူသတ်မှုကတော့ သူရဲ့ ဇာတိဖြစ်တဲ့ Watertown ဆိုတဲ့ မြို့တစ်မြို့မှာပါ။

သူပထမဆုံး စသတ်လိုက်တာကတော့ ယောကျာ်းလေးတယောက်နဲ့ မိန်းကလေးငယ်၁ယောက် ဖြစ်ပါတယ်။ အဲဒီအတွက်(၁၄)နှစ် ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။

သူဟာ စုစုပေါင်း လူပေါင်း (၁၁)ယောက်ကိုသတ်ခဲ့ပြီး ၁၉၈၈ မှာ အဖမ်းခံခဲ့ရပေမဲ့ ၁၉၈၉ မှာလွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။

Columbia University က စိတ်ပညာပါမောက္ခ Micheal H.Stone က Shawcross အကြောင်းကို စံထားရလောက်တဲ့ အကြောင်းမဲ့လွတ်ငြိမ်းချမ်းသာရခဲ့တဲ့ အကျဉ်းသားလို့ သူရဲ့စာအုပ် The Anatomy of Evil စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။

နံပါတ်(၄) Trevor Joseph Hardy (11 June 1945)

PHOTO: alchetron

Trevor ကိုတော့ ၁၉၄၅ခုနှစ် ဇွန်လ(၁၁)ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ Manchester ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူလို့ နာမည်ကြီးပါတယ်။

သူဟာ ၁၉၇၄ ခုနှစ် ဒီဇင်ဘာနဲ့ ၁၉၇၆ခုနစ် မတ်လမှာ ဆယ်ကျော်သက်မိန်းကလေး(၃)ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

၁၉၇၇ခုနှစ်မှာတော့လူသတ်မှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး တသတ်တကျွန်း စီရင်ချက်ကျခံရပါတယ်။
သူရဲ့ ကျန်ရှိတဲ့ ၃၅နှစ်ကိုတော့ ထောင်ထဲမှာပဲဖြတ်သန်းခဲ့ပါတယ်။