ညှိနှိုင်းမှုတွေရှိတာကြောင့် စူးရှထက်နဲ့ အစ္စဏီတို့ရဲ့အမှု အဆင်ပြေသွားနိုင်တယ်လို့ ဦးရောဘတ်ဆန်းအောင်ပြော

0
200
စူးရှထက်
စူးရှထက်

မလေ(၆)ရကျ၊ ၂၀၁၉။

စူးရှထက်နဲ့ အစ္စဏီတို့အမှုမှာ ကြားခံလူတစ်ယောက်က လာရောက်ညှိနှိုင်းမှုရှိခဲ့တဲ့အတွက် အဆင်ပြေသွားနိုင်တယ်လို့ စူးရှထက်ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့မေလ(၆)ရက်နေ့မှာ ပြောလိုက်ပါတယ်။

“သူတို့ကြားခံ ပုဂ္ဂိုလ်တစ်ဦးက ဒါကို ပြေလည်ရာ ပြေလည်ကြောင်း လာပြီးတော့ ညှိနှိုင်းနေတာတွေရှိပါတယ်၊ အဆင်ပြေသွားနိုင်ပါတယ်။ ဒီ ၁ ရက် ၂ ရက်မှာပဲ လာသွားပါတယ်။ အခုတော့ မဖော်လိုသေးပါဘူး၊ အေးချမ်းသွားမယ်လို့ ယုံကြည်ပါတယ်။ အခုဟာကတော့ ကိုယ်တိုင် စကားပြောခဲ့ရလို့ တရားဝင်ပါတယ်၊ အဆင်ပြေသွားနိုင်မယ့် အခြေအနေမှာရှိပါတယ်။”လို့ ဦးရောဘတ်ဆန်းအောင် က ပြောပါတယ်။

ဒီအမှုဟာ အခုအချိန်မှာ မြို့နယ်တရားရုံးကို အမှုတွဲပြန်ကျလာပေမဲ့ တရားရုံးက ဆင့်ခေါ်စာပို့ဖို့ တရားလိုဖြစ်သူရဲ့ နေရပ်လိပ်စာကိုမသိသေးတဲ့အတွက် အမှုကို ဆက်လက်မစစ်ဆေးနိုင်သေးဘူးလို့လည်း ပြီးခဲ့တဲ့ရုံးချိန်းတုန်းက တရားရုံးက ပြောဆိုထားပါတယ်။

“ဆင့်ခေါ်စာက အခုချိန်ထိ အတည်မဖြစ်သေးတဲ့အတွက် မပို့ရသေးပါဘူး၊ တရားလိုဖြစ်သူရဲ့ နေရပ်လိပ်စာကို
မသိသေးတဲ့အတွက်ဆင့်ခေါ်စာ အတည်မဖြစ်သေးတာပါ၊ ဒီလို နေရပ်လိပ်စာစုံစမ်းတာက တရားရုံးရဲ့
လုပ်ပိုင်ခွင့်မဟုတ်ပါဘူး တရားစွဲအဖွဲ့အစည်းတွေက စုံစမ်းပြီး တရားရုံးကိုတင်ပြရမှာ ဖြစ်ပါတယ်”
လို့ သတင်းပြန်ကြားရေးအရာရှိ ဒေါ်တင်ဝါဝါသိမ်းက ပြောပါတယ်။

ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုမှာတရာလိုပြသက်သေ ၁၁ ယောက်တင်သွင်းထားပြီး အခုအချိန်မှာတရားလို စူးရှထက်နဲ့ မှုခင်းဆရာဝန်တို့ကို စစ်ဆေးထားတဲ့အခြေအနေမှာပဲရှိပါသေးတယ်။

လာမယ့်ရုံးချိန်းကိုတော့ မေလ(၁၃)ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပြီး အခုအမှုဟာဆိုရင်တော့တစ်နှစ်ကျော်
ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။