တရုတ်နိုင်ငံမှာ ကိုဗစ်စစ်ဆေးမှုကို စအိုတို့ဖတ်နမူနာယူ စစ်ဆေး

0
72
O Media
O Media

Photo : nzherald

ဇန်နဝါရီ (၂၈) ရက်၊ ၂၀၂၁။

ကိုဗစ်ရောဂါပိုးရှိ မရှိကို အာခေါင်တို့ပတ်၊ နှာခေါင်းတို့ဖတ်ယူစစ်ဆေးတဲ့စနစ်နဲ့ စစ်ဆေးကြပေမယ့် တရုတ်နိုင်ငံကတော့ ဒီတို့ဖတ်နမူနာယူမှုတွေထက်ပိုပြီး အဆင်ပြေစေမယ့် စအိုတို့ဖတ်နမူနာယူတဲ့ စစ်ဆေးမှုတွေလုပ်နေခဲ့တယ်လို့ nzherald သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ပေကျင်းမြို့မှာ ကိုးနှစ်အရွယ်ကလေးအပါအဝင် ကိုဗစ်ကူးစက်လူနာတွေ ပြန်တွေ့ရှိရပြီးနောက် သူတို့ရဲ့ အိမ်နီးနားချင်းတွေကို ပိုးရှိမရှိစစ်ဆေးရာမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေကို ခက်ခက်ခဲခဲစစ်ဆေးခဲ့ရလို့ စအိုထဲက တို့ဖတ်ယူပြီး စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

နှာခေါင်းနဲ့ အာခေါင်တို့ဖတ်မွှေနှောက်ရယူတာ ခံရခက်စေအတွက် စအိုထဲကို သုံးစင်တီမီတာကနေ ငါးစင်တီမီတာအထိ စစ်ဆေးတံကို နှစ်ကြိမ်ထိုးထည့်ပြီး ဆယ်စက္ကန့်အကြာမှာ ပြန်ထုတ်ယူလို့ နမူနာသေတ္တာထဲ ထည့်သွင်းစစ်ဆေးတာက ပိုမိုသက်သာထိရောက်တာတွေ့ရတယ်လို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်မှုပြုလုပ်သွားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၇) ရက်နေ့ကစလို့ ပေကျင်းမှာ နေထိုင်သူသုံးသန်းကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှုတွေလုပ်ခဲ့ပြီး စအိုတို့ဖတ်ယူစစ်ဆေးတာကို မနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတို့ဖတ်ယူတာကို ကွာရန်တိုင်းစင်တာတွေက စိုးရိမ်ရတဲ့အသက်အရွယ်၊ ရောဂါအခံရှိသူတွေကို အဓိကထားသုံးခဲ့တယ်လို့ တရုတ်နိုင်ငံရောဂါထိန်းချုပ်ရေးဋ္ဌာန ကျွမ်းကျင်သူတွေက အတည်ပြုပြောဆိုခဲ့ပါတယ်။

Ref : nzherald