ဒီနေ့အစိုးရထုတ်ပြန်ချက် သေဆုံးကိုဗစ်လူနာ(၁၇)ယောက်နဲ့ စံချိန်တင်

0
87
O Media
O Media

စက်တင်ဘာ(၁၇)ရက်၊ ၂၀၂၀။

ကိုဗစ်ကပ်ရောဂါပိုးနဲ့ သေဆုံးတဲ့သူ(၁၁)ယောက် ထပ်တိုးတယ်လို့ အစိုးရက ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်လိုက်တဲ့အတွက် ဒီနေ့တစ်နေ့ထဲမှာပဲ သေဆုံးသူစာရင်းထုတ်ပြန်ချက်ဟာ (၁၇)ယောက်အထိရှိသွားပြီး စံချိန်တင်သွားခဲ့ပါတယ်။

သေဆုံးသူတွေဟာ အသက်(၁၃)နှစ်အရွယ်တစ်ယောက်၊ (၂၄)နှစ်အရွယ်တစ်ယောက်နဲ့ ကျန်တဲ့သူတွေကတော့ အသက်(၅၀)ကနေ (၉၀)ကြားအရွယ်တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၄)ရက်နေ့ကတော့ ကိုဗစ်အတည်ပြုလူနာ(၁၂)ယောက် သေဆုံးခဲ့တဲ့လို့ အစိုးရက ထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာတော့(၁၇)ယောက်နဲ့ အများဆုံးစံချိန်တင်သွားခဲ့တာပါ။

အခုအချိန်မှာတော့ သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေဟာ တစ်နိုင်ငံလုံးမှာ(၅၇)ယောက်အထိ ရှိသွားပါပြီ။

ဒီနေ့အထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၃၈၉၄)ယောက်ရှိနေပြီး အဲဒီထဲမှာပြန်ကောင်းမွန်တဲ့သူ (၉၀၈)ယောက် ရှိနေပါတယ်။