ဒေသန္တရအမိန့်ကြေညာပြီးတဲ့နောက် ကိုဗစ်အသိပညာပေး ဗွီနိုင်းတွေလိုက်ကပ်

0
103
COVID
COVID

မတ်(၂၇)ရက်၊ ၂၀၂၀။

ရန်ကုန်တိုင်းဒေသကြီးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဒေသန္တရအမိန့်ထွက်လာပြီးတဲ့နောက် သင်္ဃန်းကျွန်း မြို့နယ်ထဲက ရပ်ကွက်တွေမှာ ကိုဗစ်အသိပညာရေး ဗွီနိုင်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လိုက်ကပ် နေပါပြီ။

ဒါ့အပြင် ရပ်ကွက်တွေထဲမှာ နိုင်ငံခြားကပြန်လာသူနဲ့ နိုင်ငံခြားသားတွေရောက်နေရင် ရပ်ကွက်အုပ်ချုပ်ရေးရုံးကို လာရောက်အကြောင်းကြားဖို့နဲ့ အကြောင်းမကြားလို့ စစ်ဆေးတွေ့ရှိရင် ရဲတပ်ဖွဲ့နဲ့ ဖမ်းဆီးသွားမယ် လို့လည်း သိရပါတယ်။

အခုအချိန်မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရှိတဲ့သူ(၅)ယောက်အထိရှိနေပြီးသူတိုအကုန်လုံးဟာပြည်ပက ပြန်လာကြသူတွေဖြစ်ပါတယ်။