နေပြည်တော်က နိုင်ငံ့ဝန်ထမ်း(၈၀၀)ဝန်းကျင်လောက်မှာ ပိုးမတွေ့

0
36
O Media
O Media

စက်တင်ဘာ(၁၇)ရက်၊ ၂၀၂၀။

နေပြည်တော်၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ဝန်ထမ်း(၈၀၀)ဝန်းကျင်မှာ ကိုဗစ်ကပ်ရောဂါပိုးမတွေ့ရဘူးလို့ နေပြည်တော်ကောင်စီ ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက O Media ကိုပြောပါတယ်။

အဲဒီဝန်ထမ်း(၈၀၀)ဝန်းကျင်ကို စက်တင်ဘာလ(၁၅)ရက်စပြီး နေပြည်တော်ကုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနဲ့ စည်ပင်ဧည့်ရိပ်သာတို့မှာ (၂)နေရာခွဲပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

“ဒီနေ့အထိတော့ အကုန်လုံးက Negative ပါပဲ။ ဒီနေ့လည်း (၄၀၀)လောက်စစ်မယ်။ နေ့စဉ်တော့ (၄၀၀)၊ (၅၀၀) လောက်စစ်နေတာပဲ။ ဝန်ကြီးဌာနတွေဘက်က တစ်ရက်ချင်း စာရင်းပို့ပေးတာကိုစစ်ပေးနေပါတယ်။ “လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။

နေပြည်တော်မှာတော့ ဝန်ကြီးဌာန(၂၄)ခုရှိပြီး အခုအချိန်မှာ သမ္မတရုံးက အရာရှိတစ်ယောက်၊ အတိုင်ပင် ခံရုံးဝန်ကြီးဌာနက ဒုတိယဝန်ကြီးရဲ့ကိုယ်ရေးအရာရှိအပါအဝင် စုစုပေါင်း ကိုဗစ်လူနာအယောက်(၅၀) ဝန်းကျင် ရှိနေပါတယ်။