နှစ်(၅)လုံးနေ့ မတိုင်ခင်ညမှာ UN ရုံးရှေ့ ရဲတပ်ဖွဲ့နေရာယူ

0
17
O Media
O Media

ဖေဖော်ဝါရီ(၂၂)ရက်၊ ၂၀၂၁။

တစ်နိုင်ငံလုံး အထွေထွေသပိတ်မှောက်မယ်ဆိုတဲ့ မနက်ဖြန် ဖေဖော်ဝါရီလ (၂၂)ရက်နေ့မတိုင်ခင် ဒီနေ့ညပိုင်းမှာပဲ UN ရုံးရှေ့မှာ လုံခြုံရေးချထားတဲ့ အနေအထားကိုတွေ့ရတယ်လို့ နီးစပ်သူတွေက O Media ကို ပြောပါတယ်။

ဒါ့အပြင် ကနဦးသတင်းတွေအရ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ မနက်(၁)နာရီကနေ နေ့လယ်(၁၂)နာရီအထိ အင်တာနက်ဖြတ်ဖို့ ညွှန်ကြားထားတာလို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှာတော့ တစ်နိုင်ငံလုံးမှာ “နှစ်(၅)လုံးတော်လှန်ရေးအဖြစ် လူအင်အားအများအပြားနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြကြဖို့ ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။