ပထမဆုကျပ်သိန်း(၂၀)အထိပေးမယ့် လူ့အခွင့်အရေးရုပ်ရှင်ပြိုင်ပွဲပြုလုပ်မယ်

0
195
ရုပ်ရှင်
ရုပ်ရှင်

သြဂုတ်လ(၁၉)ရက်၊ ၂၀၁၉။

၂ဝ၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲကို မဟာမိတ် မြန်မာ (Mahamate Myanmar)NGO က ကျင်းပပြုလုပ်သွားမယ်လို့ အဲဒီအဖွဲ့က သိရပါတယ်။

ပြိုင်ပွဲမှာ ပထမဆုအဖြစ် ငွေကျပ် သိန်း ၂ဝ ၊ ဒုတိယဆု ငွေကျပ် ၁ဝ သိန်း ၊ တတိယဆု ငွေကျပ် ၇ သိန်းနဲ့ နှစ်သိမ့်ဆု နှစ်ဆုကို ၃ သိန်းစီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲယှဉ်ပြိုင်လိုသူတွေအနေနဲ့ မှတ်တ်တမ်းရုပ်ရှင်၊ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေပါဝင်တဲ့ CV တစ်စောင်၊ အရင်က ရိုက်ကူးဖူးတဲ့ ၅ မိနစ်နဲ့အထက် မှတ်တမ်းရုပ်ရှင်နမူနာတစ်ကား(သို့) ရုပ်ရှင်ဇာတ်လမ်းတို၊ လူ့အခွင့်အရေးနဲ့ မှတ်တမ်းရုပ်ရှင်ကိုရိုက်ကူးဖို့ စိတ်ဝင်စားရတဲ့အကြောင်းတွေကို (၃)မိနစ်အသံဖိုင်၊ ရုပ်သံဖိုင်တို့နဲ့ co.mahamate9@gmail.com နဲ့ ahso.alliance@gmail.com တို့ကိုစက်တင်ဘာ(၁၀)ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်တယ်လို့ သိရပါတယ်။

“လူ့အခွင့်အရေးဆိုတာ လူခပ်သိမ်းနှင့် သက်ဆိုင်တဲ့အတွက် ဆန့်ကျင်ဖက်လိင်အသွင်ဖြင့် နေထိုင်သူများ၊ လိင်တူ ချစ်မြတ်နိုးသူများ၊ မူးယစ်ဆေး သုံးစွဲသူများ၊ အမျိုးသမီးငယ်လေးများနှင့် အိတ်ချ်အိုင်ဗွီပိုးဖြင့် အသက်ရှင်နေထိုင်သူများနှင့် လိင်လုပ်ငန်း လုပ်ကိုင် သူများအနေဖြင့် အများနည်းတူ ထိုက်သင့်သော အခွင့်အရေးများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိသင့်ပါတယ်” လို့ မဟာမိတ် မြန်မာအဖွဲ့အစည်းက PITCH စီမံကိန်းရဲ့ Country Focal ဖြစ်တဲ့ ဦးရန်ဝင်းစိုးက ပြောပါတယ်။

ပြိုင်ပွဲအတွက် လျှောက်ထားသူတွေထဲက စကာတင် (၁၅)ယောက်ကို ရွေးချယ်ပြီး ရိုက်ကူး တည်းဖြတ်တဲ့အခါ အထောက်အကူဖြစ်စေဖို့ တစ်ယောက်ကို ငွေကျပ် (၂)သိန်းစီ ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမတိုင်ခင်မှာ စကာတင်(၁၅)ယောက်ဟာ ကာလတိုသင်တန်းနဲ့ ကွင်းဆင်းလေ့လာတာကို မပျက် မကွက်တက်ရောက်ဖို့လိုပြီး ရိုက်ကူး၊ တည်းဖြတ်ကာလကိုတော့(၂)လ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ဒါမှတ်မဟုတ် မှတ်တမ်းရုပ်ရှင် ကြာမြင့်ချိန် (၆-၁၀)မိနစ်နဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်ရမှာဖြစ်ပြီး ဒီဇင်ဘာ(၁၀) ရက်နေ့မှာ ဆုရရှိတဲ့သူတွေကို ဆုချီးမြှင့်သွာမယ်လို့ သိရပါတယ်။

မဟာမိတ် မြန်မာအဖွဲ့ဟာ မြန်မာနိုင်ငံထဲက အိတ်ချ်အိုင်ဗွီ ကူးစက်ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းတွေ၊ ကူးစက်ရောဂါနဲ့ နီးစပ်တဲ့သူတွေရဲ့ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝရရှိဖို့အတွက် စီမံကိန်းတွေဆောင်ရွက် နေတဲ့အဖွဲ့ဖြစ်ပြီး အခုလိုပြုလုပ်တာဟာ ဒီနှစ်မှာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။