ဘင်္ဂါလားဒေ့ရှ်က ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ လျှောက်လွှာနှစ်သောင်းကျော် မြန်မာဘက်ကိုပေးထား

0
138
ရခိုင်
ရခိုင်

PHOTO © UNHCR/Patrick Brown

သြဂုတ်လ(၁)ရက်၊ ၂၀၁၉။

ဘင်္ဂါလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယာယီနိုင်ငံခြားရေးအတွင်းဝန်က နေရပ်စွန့်ခွာသူ (၂၅၀၀၀) ကျော်ရဲ့ ဖြည့်စွက်ပြီးတဲ့ စစ်ဆေးရေးပုံစံတွေကို မြန်မာဘက်ကိုလွှဲပြာင်းပေးထားတယ်လို့ သိရပါတယ်။

ဘင်္ဂါလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ဒုက္ခသည်တွေနေရပ်ပြန်နိုင်ဖို့ ဇူလိုင် ၂၆ ကနေ ၂၈ ရက်အထိ သွားရောက် ခဲ့တဲ့ခရီးစဉ်မှာ ဘင်္ဂါလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က လွဲပြောင်းလိုက်တာလို့ သိရပါတယ်။

“Soft Copy တွေ၊ ဓာတ်ပုံတွေပါမလာတာရှိတယ်။ ပထမအဆင့်ပဲရှိသေးတယ်။ အားလုံးတော့ မပြီးပြတ်သေး ဘူး။ ကျွန်တော်တို့ဘက်ကလိုအပ်တဲ့ အချက်အလက်တွေကို သူတို့ပြန်ပေးနိုင်ဖို့ကို ပြန်ညှိပြီးတော့ ဒီဖက်က သတ်မှတ်ထားတဲ့အချက်အလက်တွေကို ပြန်ပြောရမှာပေါ့။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်ဇံက O Media ကို ပြောပါတယ်။

အဲဒီခရီးစဉ်ကို အဖွဲ့ဝင် ၁၉ ယောက်ပါတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့သွားရောက်ခဲ့ပြီး ကော့ဘဇားက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြန်လည်နေရာချထားရေးအတွက် စီစဉ်ထားတာ၊ အဆောက်အဦး ဆောက်လုပ်ထားတာ၊ လုပ်ငန်းစဉ် အဆင့်ဆင့်၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအစီအမံတွေ၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံသားဖြစ်မှု၊ NVC ကတ်ကိုင်းဆောင်တာရဲ့ အကျိုးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေတွေကို ပြောဆိုခဲ့တယ်လို့လည်း သိရပါ တယ်။

“မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အဓိကရည်ရွယ်ချက်က ဒုက္ခသည်တွေနေရပ်ပြန်ရေးကို စည်းရုံးဖို့အတွက် စကားပြောဆိုဖို့အတွက်ပဲဖြစ်ပါတယ်။”လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် မက်ဒ်ဒဲလ် ဝါဟောကစိန်းက Bernama သတင်းဌာနကို ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်နဲ့အညီ နေရပ်စွန့်ခွာ သွားသူတွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကစပြီး လက်ခံဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။