ဘော်ဒါဆောင်ဖွင့်တဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို ပြန်ဖွင့်ခွင့်မပေးသေး

0
170
O Media
O Media

ဇူလိုင်(၁၅)ရက်၊ ၂၀၂၀။

ကိုဗစ်ရောဂါကိုဆက်ထိန်းချုပ်ဖို့လိုသေးတဲ့အတွက် ဘော်ဒါဆောင်ဖွင့်ထားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့ ဘော်ဒါဆောင်တွေကို ဖွင့်ခွင့်မပြုသေးဘူးလို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားဗဟိုအဆင့်က ဇူလိုင်လ(၁၄)ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပါတယ်။

ဇူလိုင်လ(၁၃) ရက်နေ့ကပြုလုပ်ခဲ့တဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုအမျိုးသားအဆင့် ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဖွင့်ခွင့်မပေးသေးတာလို့ အဲ့ဒီညွှန်ကြားချက်မှာပါရှိပါတယ်။

ဇူလိုင်လ(၂၁)ရက်နေ့ မှာတော့ အစိုးရအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို စဖွင့်သွားတော့မှာပါ။

ဒါကြောင့် အစိုးရအထက်တန်းကျောင်းတွေမှာတော့ ဇူလိုင်လ(၁၃)ရက်နေ့ကစတင်ပြီး ကျောင်းအပ်လက်ခံနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လ(၁၅)ရက်နေ့ မနက်ထိတော့ ကိုဗစ်လူနာ(၃၃၇)ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ(၂၆၁)ယောက်နဲ့သေဆုံးသူ (၆)ယောက်ရှိနေပါတယ်။