မီဖိုချောင်ထဲက အညစ်ပတ်ဆုံးပစ္စည်းကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ

0
218
စင်းနှီးတုံး
စင်းနှီးတုံး

အိမ်မှာသုံးတဲ့ စင်းနှီးတုံးတွေကို ပုံမှန်လေး သန့်ရှင်းရေးလုပ်ပြီး၊ ပိုးသတ်ပေးဖို့ဆိုတာ အိမ်ရှင်မတွေအတွက်
အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ စင်းနှီးတုံးဟာ မီဖိုချောင်ပစ္စည်းတွေထဲထဲမှာဆိုရင်တော့
အညစ်ပတ်ဆုံးအရာတစ်ခုလည်းဖြစ်ပါတယ်။ အသားတွေလှီးတာ၊ အရွက်တွေလှီးတာကနေ ဗက်တီးရီးယားတွေ
အများအမြားပေါက်ဖွားနိုင်လို့ပဲဖြစ်ပါတယ်။ သစ်သားစင်းနှီးတုံးတွေကို ရေနဲ့၊ ဆပ်ပြာနဲ့ အကြိမ်ကြိမ်ဆေးမယ်
ဆိုရင်တော့ သစ်သားကို ပျက်စီစေသလို စင်းနှီးတုံးကို ပွယောင်းလာပြီး ကြမ်းထော်စေပါတယ်။

ဒါကြောင့် စင်းနှီတုံးကို ဆပ်ပြာနဲ့ ရေတွေမသုံးဘဲ တခြားနည်းလမ်းနဲ့ အဆင့်ဆင့် ဘယ်လိုပိုးသတ်ပေးရမယ်၊
ဘယ်လို ထိန်းသိမ်းရမယ်ဆိုတဲ့ အကြောင်းကို ပြသွားမှာပါ။

အဆင့် ၁ : သန့်ရှင်းအောင်ထားပါ၊ ပိုးသတ်ပေးပါ ( နေ့တိုင်းလုပ်ရပါမည်)

Spray ဗူးတစ်ဗူးမှာ ရှာလကာရည်စစ်စစ် လို့ရေးထားပြီး နာမည်တပ်ထားရပါမယ်။ နောက်တစ်ဗူးမှာတော့ hydrogen peroxide 3 % ကို
ထည့်၊ နာမည်တပ်ပြီး ၂ ဗူးလုံးကိုယူရလွယ်ကူတဲ့ နေရာမှာထားထားရပါမယ်။

နေ့တိုင်းသန့်ရှင်းရေးလုပ်ဆောင်ပေးရပါမယ် ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ဖို့အတွက် စင်းနှီးတုံးကို အသုံးပြုပြီးတာနဲ့ စင်းနှီးတုံးကို
ရှာလကာရည်နဲ့ဖြန်းပြီး အပိုင်းအစတွေကို အဝတ်စလေးနဲ့ သုတ်ပေးရပါမယ်။
ပြီးရင် အဝတ်စကို လျှော်ပြီးအခြောက်လှန်းပေးရပါမယ်။

ရှာလကာရည်းဟာ အရမ်းကောင်းတဲ့ ပိုးသတ်တဲ့အရာတစ်ခုဖြစ်ပြီး acetic acid ဓါတ်ပါဝင်ပြီး E. coli ပိုးတွေ၊ Salmonella ပိုးတွေ၊ Staphylococcus ပိုးတွေကို သတ်နိုင်တဲ့ သတ္တိရှိပါတယ်။

အသားတွေကို လှီးပြီးရင်တော့ စင်းနှီတုံးကို တာဝါစက္ကူအစိုနဲ့ အစအနတွေကို ဖယ်ရှားလိုက်ပါ။ အပေါ်မှာပြောထားသလိုပဲ ရှာလကာရည်နဲ့
သန့်ရှင်းအောင်ထားပါ။

နောက်ထပ် hydrogen peroxide 3% နဲ့ စင်းနှီတုံး တစ်ခုလုံးကို ဖြန်းပြီး ၂ မိနစ် ၃မိနစ်လောက် ထားထားလိုက်ပါ။ ပြီးရင်စက္ကူတာဝါအစိုနဲ့
ဖယ်ရှားလိုက်ပါ။ စင်းနှီတုံးကို အခြောက်ခံလိုက်ပါ။

Hydrogen Peroxide မှာ ဘက်တီးရီးယားကို သေစေနိုင်တဲ့အစွမ်းသတ္တိရှိပြီး ရှာလကာရည်နဲ့ အတူပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပိုးကင်းစင်တဲ့ စင်းနှီးတုံးဖြစ်သွားပါတယ်။

အဆင့် ၂ : သန့်ရှင်းနည်း၊ ပိုးသတ်နည်း

သေသေချာချာ တစ်လတစ်ကြိမ်သန့်ရှင်းရေးလုပ်ပေးတာတော့ အရမ်းကောင်းပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ ချေးချွတ်ဆေး ၄ စက် ၅ စက်လောက်ကို ခွက်အသေးလေးထဲမှာထည့် ရေရောပြီး brush အသေးလေးနဲ့ ညင်ညင်သာသာလေးသန့်စင်ပေးရပါမယ်။ ရေတွေအများကြီးနဲ့ မစိမ်မိဖို့လိုအပ်ပါတယ်။ ပြီးရင်တော့ ရေစိုနေတဲ့ စက္ကူတာဝါနဲ့ မျက်နှာပြင်ကို သုတ်ပေးရပါမယ်။ ချက်ချင်း အဝတ်ခြောက်နဲ့ထပ်သုတ်ပေးရပါမယ်။ တကယ်လို့ ရေနဲ့ဆပ်ပြာနဲ့ဆေးရမယ်ဆိုရင် ရေလောင်းပြီး ဖော့ပြားနဲ့ သုတ်ဆေးပါ။ ရေတော့ လုံးဝမစိမ်ပါနဲ့။ ရေစစ်ဖို့အတွက် အထောင်လိုက်ထားဖို့အတွက်လည်းအရေးကြီးပါတယ်။

အနံ့တွေကင်းအောင်လုပ်ကြမယ်

စင်းနှီတုံးတွေကို ပုံမှန်သန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ အနံ့အသက်မကောင်းတာမဖြစ်တော့ပါဘူး။ ဒါပေမဲ့ ကြက်သွန်နီတွေအများကြီးလှီးမယ်ဆိုရင် ဒါမှမဟုတ် ကြက်သွန်ဖြူတွေကို အများကြီးလှီးခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ရမလဲ။
မျက်နှာပြင်ကို အဆင့် ၁ အတိုင်း ဆေးပေးပါ။
ထက်ခြမ်းခြမ်းထားတဲ့သံပုယိုသီးနဲ့ပွတ်ပေးပါ။ ပြီးရင် စင်းနှီးတုံးမျက်နှာပြင်ကို ခြောက်အောင်ပြန်ထားပေးပါ။

တစ်ခါတစ်တစ်လေ သံပုရာရည်ကို Spray ဗူးအသေးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားလို့ရပါတယ်။ လိုအပ်တဲ့အချိန်မှာအမြန်ယူသုံးလို့ရပါတယ်။

REF: www.instructables.com
Photo: www.instructables.com