မုံရွာမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့က သေနတ်နဲ့ပစ်လို့ အမျိုးသမီးတစ်ယောက်သေဆုံး

0
32
O Media
O Media

ဓာတ်ပုံ – မုံရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအတွင်း ပိတ်မိနေသည်ဟု ယူဆရသည့်ပုံ/ သေဆုံးသူအမျိုးသမီးမှာ အဆိုပါဘုန်းကြီးကျောင်းအတွင်း၌ ရှိနေဆဲဟုသိရ (မူရင်းပိုင်ရှင်းအား မသိရှိသဖြင့် Credit မပေးနိုင်ဘဲ ကူးယူဖော်ပြလိုက်ရပါသည်။)

ဖေဖော်ဝါရီ(၂၇)ရက်၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ မုံရွာမှာ ဒီနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်ကြောင်းကို စစ်တပ်နဲရဲ့ ပူးပေါင်းတဲ့အဖွဲ့တွေက အကြမ်းဖက်ဖြိုခွင်းတာကြောင့် အမျိုးသမီးတစ်ယောက်သေဆုံးပြီး အယောက် (၆၀) ကျော် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေနဲ့ သတင်းထောက်တွေက O Media ကို အတည်ပြုပါတယ်။

စစ်တပ်နဲ့ ရဲပူးပေါင်းအဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ဆီးခုံကို ကျဉ်ဆံထိမှန် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေများသလို ကြိုးတုပ်ရိုက်နှက်မှု‌တွေလည်းရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူဟာ ဒေါက်တာမြတ်သူဇာခင်လို့ ပြောဆိုမှုတွေရှိနေသလို ပညာရေးဘက်က ဒေါက်တာဘွဲ့ရထားသူဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပြီး အတည်ပြုလို့ မရသေးပါဘူး။

ရဲနဲ့စစ်တပ် ပူးပေါင်းအဖွဲ့တွေက မနက် ၉ နာရီဝန်းကျင်မှာ ဝင်ဖမ်းခဲ့တာဖြစ်ပြီး ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကို မနက်(၁၀)နာရီလောက်မှာ ကျည်အစစ်နဲ့ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။