မြန်မာကိုပေးမယ့် အကူအညီတွေကို ရုတ်သိမ်းပြီး ထပ်တိုးအရေးယူမှုတွေလုပ်ဖို့ ဗြိတိန်ဆုံးဖြတ်

0
30
O Media
O Media

Photo : AFP

ဖေဖော်ဝါရီ (၂၁) ရက်၊ ၂၀၂၁။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေနဲ့ အတိုက်အခံတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေပြုလုပ်ခဲ့လို့ မြန်မာစစ်ခေါင်းဆောင်တွေကို ထပ်တိုးအရေးယူတာတွေ ပြုလုပ်သွားမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်က ဖေဖော်ဝါရီလ ( ၂၀) ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန္တလေးမြို့က ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချနေတဲ့အချိန်မှာ ဗြိတိန်ကလည်း အခုလိုထုတ်ပြန်ခဲ့တာလို့ Theepochtimes သတင်းမှာ ဖော်ပြထားပါတယ်။

“ကျွန်တော်တို့ ထပ်တိုး အရေးယူမှုတွေလုပ်ဖို့ စဉ်းစားနေတယ်။ ဒီမိုကရေစီကို နှိမ်းနင်းတာ၊ အတိုက်အခံတွေကို ဖိနှိပ်တာဖြစ်လို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်သူတွေနဲ့ပါ ပူးပေါင်းပြီး တာဝန်ယူမှုရှိအောင် လုပ်ဆောင်သွားမှာပါ။”လို့ ဒိုမီနစ်ရက်ဘ်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ (၅၇၀) နီးပါးရှိနေပြီး လူသေဆုံးမှုတွေရှိလာတဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ ပြည်ပပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာနဲ့ ခရီးသွားလာခွင့်ပိတ်ပင်တာတွေကို လုပ်ထားပါတယ်။

ဒါ့အပြင် ဗြိတိန်က မြန်မာနိုင်ငံအတွက်ထောက်ပံ့ပေးမယ့် UK Aid ငွေကြေးတွေကို စစ်အာဏာရှင်ဦးဆောင်တဲ့အစိုးရကို ပေးအပ်ဖို့လည်း ပြန်လည်ဖျက်သိမ်းလိုက်ပြီး တကယ်ဒုက္ခရောက်နေသူတွေအတွက် တိုက်ရိုက်ကူညီဖို့အတွက်ပဲ ဆောက်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခုပြုလုပ်မယ့် ထပ်တိုးအရေးယူမှုအရ မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ ဗြိတိန်က စီးပွားရေးလုပ်ငန်းမှန်သမျှကို ရပ်ဆိုင်းဖို့ ၊ ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး ဦးစီးဌာနက မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ ဝင်ငွေလည်ပတ်စီးဆင်းတာတွေကို ထိန်းချုပ်သွားမယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Ref : theepochtimes