မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ အချိန်တော်တော်လွန်နေပြီလို့ အတိုင်ပင်ခံပြော

0
174
O Media,NCA
O Media,NCA

အောက်တိုဘာ(၂၈)ရက်၊ ၂၀၁၉။

မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးရဖို့ အချိန်တန်ယုံတင်မက အချိန်အတော်လွန်နေပြီလို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ(၂၈)ရက်က နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၄)နှစ်မြောက်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။

“ကျွန်မတို့အစိုးရရဲ့ ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံးပါ ဝင်လာရေးပဲဖြစ်ပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ NCA လက်မှတ်ရေး ထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက်အချိန်မြှင့်လုပ်ဆောင်ပြီး ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းတဲ့ အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်ဖို့ နိုင်ငံရေးစားပွဲဝိုင်းမှာ ပါဝင်လာဖို့ကြိုးပမ်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။”လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ဒါ့အပြင် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သမိုင်းဝင်နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာပါဝင်နိုင်ဖို့ ရှေ့ကိုခြေတစ်လှမ်း တက်ပေးကြဖို့လည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ ပါသေးတယ်။

“ဒီကနေ့ ကျွန်မတို့ ထားရှိနေကြတဲ့ မာနတွေ၊ အာဃသတွေ၊ အသာစီးရယူလိုမှုတွေ၊ မယုံကြည်မှုတွေ ကြောင့် ကျွန်မတို့ရဲ့ နောင်လာ နောင်သားတွေရဲ့အနာဂါတ်ကို ဘယ်လောက်အထိ နောက်ကျသွားစေနိုင် သလဲ မြင်ယောင်တွေးကြည့်ကြစေလိုပါတယ်။” လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံကပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌ ပဒိုစောမူတူးစေးဖိုးကတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေကြား NCA စာချုပ်ချုပ်ဆိုခဲ့တာဟာ (၄)နှစ်ကျော်နေပေမဲ့ တိုးတက်မှုတွေမရရှိသေးတာဟာ ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတ၊ သံသယ၊ စိုးရွံ့မှု၊ မုန်းတီးမှုတွေ အားကောင်းနေတာကြောင့်လို့ ပြောပါတယ်။

“ဘာလို့မယုံကြည်ဖြစ်နေရတာလဲ ဒါ့ကိုပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့၊ တရားမျှတတဲ့ နိုင်ငံဆွေးနွေးပွဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပါတယ်။ NCA ချုပ်ဆိုခဲ့ တာဟာ လွှတ်လပ်ရေးရပြီးကတည်းက ဒီကနေ့တိုင်ဖြစ်နေတဲ့ လက်ကိုင်ကိစ္စတွေကို စစ်ရေးနဲ့ မဟုတ်ဘဲ နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွားအဖြေရှာပြီး ရေရည်တည်ဆောက်နိုင်ဖို့ဖြစ်ပါတယ်။”လို့ ပဒိုဟောမူတူးစေးဖိုးက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့လည်း NCA အပေါ်မှာဘဲရပ်တည်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ထပ်လောင်းကတိပြုပြောခဲ့ပါသေးတယ်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ဦးစားပေးပြီးဖြစ်ပေါ်လာ တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ခွဲခြားပြီးမြင်တာက လက်တွေ့အလုပ် ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

ဒီနေ့ NCA (၄)နှစ်ပြည့် အခမ်းအနားမှာတော့ အစိုးရနဲ့ လတ်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပေမဲ့ လတ်မှတ်ရေးထိုးထားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS/SSA ကတော့ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့ပါဘူး။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူညီချက်(NCA) ကိုတော့ (၂၀၁၃)ခုနှစ်ကစပြီးအစိုးရနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ Nationwide Ceasefire Coordination Team – NCCT တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၆)ဖွဲ့တို့ ပူးပေါင်းရေး ဆွဲခဲ့ကြတာဖြစ်ပါတယ်။