မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုကို ထိုင်ဝမ် ပြင်းပြင်းထန်ထန် ရှုတ်ချ

0
24
O Media
O Media

Photo : AFP

မတ်လ(၂) ရက်၊ ၂၀၂၁။

အာဏာရှင်ဆန့်ကျင်ရေး ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့လို့ လူသေဆုံးဒဏ်ရာ ရရှိမှုတွေအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ(၁) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ပြည်တွင်းအငြင်းပွားမှုအနေအထားဟာ အကြမ်းဖက်ပြီးဖြေရှင်းလို့ မရနိုင်ပါဘူး။ ပြည်သူ့အသံကို မဖြစ်မနေ နားထောင်ပါ။ နိုင်ငံရေးတင်းမာမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းရမှာပါ။ လူ့အဖွဲ့အစည်း ပုံမှန်အတိုင်းပြန်လည် လည်ပတ်နိုင်ဖို့၊ ကသောင်းကနင်း အခြေအနေတွေကို အရင်ဆုံးရပ်တန့်ရပါမယ်။”လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထူထောင်ဖို့ တိုက်တွန်းခဲ့ပြီး ဆန္ဒထုတ်ဖော်တဲ့သူတွေရဲ့ တန်ဖိုးရှိလှတဲ့ အသက်တွေဆုံးရှုံးနေရမှုအတွက် ရှုထောင်ပေါင်း စုံကနေ အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို ဖေဖော်ဝါရီ (၂၈) ရက်နေ့က စစ်တပ်နဲ့ လုံခြုံရေးတွေ အကြမ်းဖက်ဖြိုခွင်းလို့ အနည်းဆုံး (၁၈) ယောက် သေဆုံးပြီး (၃၀) ထက်မနည်း ဒဏ်ရာရရှိထားပါတယ်။

Ref : Taiwan News