မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးအေးဆန်းသေဆုံး

0
17
O Media
O Media

Photo : MFF

ဇွန်(၁၃)ရက်၊ ၂၀၂၀။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းဖြစ်တဲ့ ဦးအေးဆန်းဟာ ဇွန်လ(၁၂)ရက်နေ့ ညနေပိုင်းကထားဝယ်မြို့၊ သရက်ချောင်းရေတံခွန်မှာ ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဦးအေးဆန်းဟာ(၂၀၀၇)ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ဆီးဂိမ်မှာတုန်းက ငွေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာယူ(၂၃) အသင်းနောက်တန်းအတွင်းလူနေရာက ကစားခဲ့သူဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရပါတယ်။

ဒါ့အပြင် (၂၀၁၁) ဆီးဂိမ်းတုန်းကလည်း အသင်းခေါင်းဆောင်နေရာကနေ မြန်မာ ယူ(၂၃)အသင်းကို တတိယဆု အောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သူဟာကမ္ဘောဇ၊ နေပြည်တော်တွေမှာ ပါဝင်ကစားခဲ့ပြီး လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်ထားတဲ့ ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီမှာ နည်းပြတစ်ယောက်အဖြစ် အခြေခံဘောလုံးပညာတွေ သင်ကြားပေးနေသူလို့ အဖွဲ့ချုပ်ကဖော်ပြထားပါတယ်။

အခုလို ဦးအေးဆန်းရုတ်တရက်ဆုံးပါးသွားတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိ ရောက်ရှိပါစေလို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကဆုတောင်းပေးထားပါတယ်။