ရန်ကုန်ကဈေးတွေကို အများပိုင်ကုမ္ပဏီဖွဲ့ပြီး အော်ပရေတာစနစ်နဲ့ လည်ပတ်မယ်

0
199
စည်ပင်ဈေး
စည်ပင်ဈေး

ဇွန်လ(၁၈)ရက်၊ ၂၀၁၉။

ရန်ကုန်နယ်နိမိတ်ထဲက ဈေးပေါင်း (၃၇) ဈေးကို ပြန်လည်အဆင့်မြင့်တင်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

ဈေးတွေအဆင်မြှင့်တင်ပြီးတဲ့အခါမှာလည်းဈေးတွေကို အများပိုင်ကုမ္ပဏီဖွဲ့ပြီးတော့ အော်ပရေတာစနစ်နဲ့ လည်ပတ်သွားမယ်လို့ သိရပါတယ်။

အဲဒီဖွဲ့စည်းပုံကို မကြာခင်ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပြီး ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ လုပ်ငန်းတာဝန်(၇)ရပ်နဲ့ ဌာန(၃)ခုကဘဲ လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“ဈေးပေါင်း(၃၇)ဈေးကို အဆင်မြင့်တင်ဆောင်ရွက်သွားပါမယ်။ အဆင့်မြင့်တင်ဆောင်ရွက်ပြီးတဲ့အခါမှာလည်း ဒီဈေးတွေ စီမံခန့်ခွဲမှုကို အော်ပရေတာနဲ့ စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။ ဈေးများဌာနက အခုလိုလိုက်ပြီး ကြီးကြပ်တော့မှာမဟုတ်ပါဘူး။”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအော်ပရေတာအနေနဲ့ ဆောင်ရွက်နေတဲ့ဈေးဟာ ဗိုလ်ချုပ်အောင်ဆန်းဈေးဖြစ်ပြီး
ဈေး(၃၇)ဈေးကိုလည်း အော်ပရေတာစနစ်နဲ့ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတာလို့ သိရပါတယ်။

“အဲဒီလိုလုပ်ပေးတာကြောင့် ကျွန်တော်မြန်မာနိုင်ငံက ထွက်ရှိတဲ့သစ်သီးဝလံတွေကို သူ့ရဲ့ကုန်ပစ္စည်းအမျိုးအ စားအလိုက် သတ်မှတ်ထားတဲ့နေရာတကျ တကယ်သန့်သန့်ရှင်းရှင်းနဲ့ ရောင်းချနိုင်မှာဖြစ်သလို ဈေးရောင်းသူ တွေအတွက်လည်း လုံခြုံမှုရှိလာမှာပါ။ နောက်ပြီး စားသုံးသူတွေအတွက်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ဈေး ကနေရောင်းချလိုက်တာကို ဝယ်ယူပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေရရှိလာမှာဖြစ်ပါတယ်။” လို့ ဦးသန့်က ပြောပါတယ်။

ရန်ကုန်မြို့ကဈေးတွေဟာ မှားယွင်းတဲ့စနစ်တွေဖြစ်နေတာကြောင့် ဈေးတွေကို အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး အဆင့်မြှင့်တင်တဲ့အခါ
ဈေးဆိုင်ခန်းမှာပဲ ရောင်းချချင်အောင်၊ ဆွဲဆောင်မှုရှိအောင် ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

ဒီလိုဈေးတွေ အဆင့်မြှင့်တင်တဲ့အခါမှာ ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်မယ့်စနစ် (PPP)စနစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။