ရန်ကုန်မြို့ပြင်ပက မြို့နယ်(၁၁)ခုမှာ စက်မှုဇုန်တွေဖော်ဆောင်မယ်

0
163

PHOTO: Google Street View

ဇူလိုင်လ(၂၆)ရက်၊ ၂၀၁၉။

ရန်ကုန်မြို့သစ်စီမံကိန်းမှာ စက်ရုံတွေဆောက်ခွင့်ပေးမှာမဟုတ်ပေမဲ့ ရန်ကုန်မြို့ပြင်ပက မြို့နယ် (၁၁)ခုမှာ စက်မှုဇုန်တွေ ဖော်ဆောင်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။

လျော်ကြေးပေးပြီးနောက်ပိုင်းမှာ မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့်အစီအစဉ်တွေ၊ စက်မှုဇုန်ထားရှိမှု၊ လူနေထိုင်ဖို့နေရာ၊ စီးပွားရေးလုပ်ငန်းတွေအတွက် နေရာတွေကို ပြန်လည်ချထားဖို့ ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် လောလောဆယ်တော့ ရန်ကုန်မြို့သစ်စီ်မံကိန်းဧရိယာထဲမှာ စက်ရုံတွေကို ခွင့်မပြုပေးနိုင်သေးပါဘူး။”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ပြင်ပက မြို့နယ်(၁၁)ခုကို စက်မှုဇုန်တွေဖော်ဆောင်ပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ရန်ကုန်ဧရိယာထဲမှာ မြို့နယ်(၃၃)မြို့နယ်ရှိပြီး ဧရိယာပြင်ပမှာတော့ ကိုကိုးကျွန်းအပါ(၁၂)မြို့နယ်ရှိပြီးတော့ (၁၁)မြို့နယ်ကို စက်မှုလုပ်ငန်းတွေကို ဖြန့်ကျက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ စီစဉ်နေတာလို့ သိရပါတယ်။

“ပြင်ပကနေ ရန်ကုန်မှာ လာရောက်အလုပ်လုပ်ကိုင်ရတာမျိုးမဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်၊ နောက်ထပ်ရွေ့ပြောင်းလာသူတွေလည်း ဒီနေရာတွေကို ဝင်ရောက်လာရင် မြို့ကြီးတွေဖြစ်လာနိုင်သလို ရန်ကုန်ကိုဝန်းရံထားတဲ့ (၁၁)မြို့နယ်ဟာ ပိုပြီးတိုးတက်လာမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု အချိုးညီမျှတဖို့ ဆောင်ရွက်နေပါတယ်။”လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဒါကြောင့်လည်း လှည်းကူးနဲ့ ရန်ကုန်-ထန်းတပင်မှာ စက်မှုဇုန်တွေ စတင်ဆောင်ရွက်နေပြီး လှည်းကူးစက်မှုဇုန်ကို စင်္ကာပူအစိုးပိုင်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံကုမ္ပဏီ(၂)တို့ပူးပေါင်းဆောင်ရွက်နေပြီး ရန်ကုန်-ထန်းတပင်စက်မှုဇုန်ကို မြန်မာနဲ့ နိုင်ငံခြားက ကုမ္ပဏီ(၃)ခုက လာရောက်တင်ပြထားတယ်လို့ အတည်ပြုပေးထားပြီလို့လည်း သိရပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကိုတော့ ကြည့်မြင်တိုင်၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေမှာ တည်ဆောက်မှာဖြစ်ပြီးတော့ ဧက(၃၀၀၀၀)ကျော်အကျယ်အဝန်းရှိပြီး ရန်ကုန်မြို့ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း(၂၀၄၀)ရဲ့ စီမံကိန်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဦးစားပေးအဆင့်(၂)နေရာမှာရှိနေတယ်လို့ သိရပါတယ်။