ရန်ကုန်က လက်ကားကုန်စိမ်းဈေးကြီး သီရိမင်္ဂလာဈေးသစ်မှာ မနေ့ကအထိ ကိုဗစ်လူနာ(၈)ယောက်တွေ့ထား

0
67
O Media
O Media

စက်တင်ဘာ(၁၈)ရက်၊ ၂၀၂၀။

ရန်ကုန်က ကုန်စိမ်းဈေးကြီးတစ်ခုဖြစ်တဲ့ သီရိမင်္ဂလာဈေးသစ်မှာ စက်တင်ဘာလ(၁၇)ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ(၈)ယောက် တွေ့ထားတယ်လို့ လှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက O Media ကို ပြောပါတယ်။

ဈေးမှာတွေ့ခဲ့တဲ့ အတည်ပြုလူနာတွေဟာ အနံအရသာမရတာတော့ကြောင့် သွားရောက်ပြသရာကနေ ကိုဗစ်ကပ်ရောဂါပိုးတွေ့ခဲ့တာလို့ သိရပါတယ်။

“ဈေးများဌာနကို လှမ်းပြောတော့ မြို့တော်ဝန်ကြီးက မပိတ်ပါနဲ့ဦးပေါ့နော်၊ စားဝတ်နေရေး အရမ်းခက်သွားမှာစိုးလို့ မပိတ်ပါနဲ့ဦးပြောတယ်။ အခုက ရောင်းချင်တဲ့သူရောင်း၊ တစ်ချို့ကလည်းပိတ်တယ် ကွမ်းတန်းကတော့ လုံးဝပိတ်လိုက်ပြီး၊ စားသောက်ကုန်တွေကိုတော့ ထားထားပေးတယ် အဆင်မပြေဘူးဆိုလို့ ပိတ်လိုက်ရင် ဈေးသည်တွေကော တောင်သူတွေကော ဒုက္ခရောက်မှာစိုးလို့ပါ။”လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။

ပိုးတွေ့ခဲ့တဲ့(၈)ယောက်ဟာ ကုန်စိမ်းတန်းက(၅)ယောက်၊ ကွမ်းတန်းက(၂)ယောက်နဲ့ သစ်သီးတန်းက (၁)ယောက်ဖြစ်ပါတယ်။

အခုချိန်မှာတော့ ပိုးတွေတဲ့သူတွေရဲ့ဆိုင်နေရာတွေကိုပိတ်ထားပြီး ဆက်စပ်တဲ့သူတွေကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

သီရိမင်္ဂလာဈေးမှာတော့ ဈေးရောင်းချသူရာချီရှိနေပြီးတော့ ရန်ကုန်မြို့ကို ကုန်စိမ်းအဓိကဖြန့်ဝေပေးနေတဲ့ ဈေးကြီးတစ်ခုလည်းဖြစ်ပါတယ်။