ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိသူ နောက်တစ်ယောက်ထပ်တွေ့

0
291
Covid 19

မတ်(၂၅)ရက်၊ ၂၀၂၀။

အင်္ဂလန်နိုင်ငံကနေ မတ်လ(၂၁)ရက်နေ့က မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ အမျိုးသားတစ်ယောက်မှာကိုဗစ်(Covid-19)တွေ့တယ်လို့ မတ်လ (၂၅)ရက်နေ့ မနက်အစောပိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

သူဟာ အင်းစိန်မြိုနယ်မှာ နေထိုင်တဲ့ အသက်(၂၆)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ကိုယ်ပူဖျားနာနဲ့ ချောင်းဆိုးလက္ခဏာတွေကြောင့် မတ်လ(၂၃)ရက်နေ့မှာ အင်းစိန်ပြည်သူ့ဆေးရုံးက သီးသန့်ခန်းမှာ စောင့်ကြည့်ခဲ့တာလို့ သိရပါတယ်။

သူ့ဆီကနေ ဓာတ်ခွဲနမူနာယူပြီး စမ်းသပ်ခဲ့တာမှာတော့ COVID-19 ရောဂါပိုးရှိတဲ့လူနာအဖြစ် မတ်လ(၂၄)ရက်နေ့မှာ တွေခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုအချိန်မှာတော့ သူ့အခြေအနေဟာ သက်သာနေပြီး သူနဲ့နီးစပ်တဲ့သူအားလုံးကိုလည်း စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရှိတဲ့သူ(၃)ယောက်အထိ ရှိနေပြီဖြစ်ပါတယ်။