ရလဒ်ဆိုးရွားမှုကြောင့် လမ်းပတ်ကို ချယ်လ်ဆီးအသင်း မန်နေဂျာရာထူးကနေ ထုတ်ပယ်

0
68
O Media
O Media

Photo : AFP

ဇန်နဝါရီ (၂၅) ရက်၊ ၂၀၂၁။

ရာသီအစကတည်းက ရလဒ်တွေဆိုးရွားနေမှုကြောင့် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်ဟာ နည်းပြဖရမ့်လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးရှစ်ပွဲမှာ ငါးပွဲအထိရှုံးနိမ့်ထားကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း လက်စတာအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဇယားမှာ အဆင့်ကိုးနေရာအထိ ရောက်ရှိခဲ့ပြီးနောက် အခုလိုထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

“အခုဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူဆုံးဖြတ်ခဲ့ရတာ မဟုတ်ပါဘူး။ အချိန်တစ်ခုအထိ ချယ်လ်ဆီးအသင်းနဲ့ ရှိခဲ့ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းဘက်ကမျှော်လင့်ထားတဲ့ ရလဒ်တွေက ကျေနပ်စရာတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။”လို့ ချယ်လ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်ဖ်အေဖလားပြိုင်ပွဲမှာ လူတန်အသင်းကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့်ထုတ်ပယ်ခံလိုက်တာလည်း ဖြစ်ပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို သုံးနှစ်စာချုပ်နဲ့ ၂၀၁၉ ခုနစ်ကစတင်နည်းပြခဲ့သူလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို လမ်းပတ်စတင်နည်းပြခဲ့တဲ့နှစ်မှာ ကစားသမားတစ်ယောက်မှ ခေါ်ယူခွင်မရရှိခဲ့ပဲ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာတော့ ပြောင်းရွှေ့ကြေး ပေါင်သန်းနှစ်ရာအသုံးပြုခဲ့ပြီး ကစားသမားခုနစ်ဦးအထိ ခေါ်ယူခဲ့ပါတယ်။

အသင်းပိုင်ရှင် ရုရှားသန်းကြွယ်သူဌေး အီဗရာဟီမိုဗစ်ဟာ လမ်းပတ်ကို မထုတ်ပယ်ခင်အချိန်အထိ ပေါင်သန်း ၁၁၀ အထိ သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။

Ref : BBC