ရိုးမရိပ်သာ Quarantine Center ကို ရေသန့်နဲ့ လျှပ်စစ်ဆိုင်ရာအဆင့်မြှင့်တင်မယ်

0
39
O Media
O Media

Photo Credit : အရည်ကြို

စက်တင်ဘာ(၁၇)ရက်၊ ၂၀၂၀။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေသန့်၊ လျှပ်စစ်အင်ဂျင်နီယာတွေဟာ Quarantine Center ဖြစ်တဲ့ ရိုးမရိပ်သာအိမ်ရာနဲ့ အောင်မြင့်မိုရ်အိမ်ရာတွေမှာ ရေသန့်နဲ့ လျှပ်စစ်ဆိုင်ရာအဆင့်မြှင့်တင်တာတွေကို ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒီရက်ပိုင်းမှာတော့ ရိုးမရိပ်သာမှာ Quarantine ဝင်နေတဲ့လူတွေက သူတို့ရဲ့ လူမှုကွန်ယက်အကောင့်တွေကနေ ရိုးမရိပ်သာမှာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ရေးသားနေကြတာပါ။

ရိုးမရိပ်သာ Quarantine Center မှာ စေတနာ့ဝန်ထမ်း(၄၁)ယောက်က Quarantine ဝင်နေတဲ့ လူ(၁၄၀၀)ဝန်းကျင်အတွက် အလုပ်လုပ်နေရတာကြောင့် လုံလုံလောက်နားချိန်မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆောက်လုပ်ရေးဝင်ကြီးဌာနကတော့ အဲဒီ Center တွေအပြင် ကုတင်(၁၀၀၀) Covid ဆေးရုံ (၂)ရုံမှာလည်း ရေသန့်နဲ့လျှပ်စစ်ဆိုင်ရာ အဆင့်မြှင့်တင်တာတွေကိုဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။