ရုပ်ရှင် သမိုင်းတစ်လျှောက် တစ်ပတ်အတွင်း ရုံဝင်ငွေအများဆုံး ပထမနေရာမှာရှိနေတဲ့ Avengers: Endgame

0
165
Avengers Endgame

မေလ(၄)ရက်၊ ၂၀၁၉။

Avengers Endgame ရုံတင်တာတစ်ပါတ်ပြည့်သွားတဲ့အချိန်မှာပဲ Box Office Mojo ရဲ့ ဖော်ပြချက်အရ
ကန်ဒေါ်လာ ၁.၇၈ ဘီလီယံရရှိထားတာကြောင့် ကမ္ဘာပေါ်မှာ တစ်ပါတ်အတွင်း Box office ဝင်ငွေအများဆုံးကားအဖြစ် စံချိန်တင်သွားပါတယ်။

US မှာတော့ ကန်ဒေါ်လာသန်းငါးရာနီးပါးရရှိထားပြီး တစ်ကမ္ဘာလုံးမှာ ပြသတဲ့ဝင်ငွေကတော့ ကန်ဒေါ်လာ
၁.၃ ဘီလီယံကျော် ရရှိထားတာဖြစ်ပါတယ်။

ကမ္ဘာ့စံချိန်မှာတော့ Endgame ရဲ့နောက်မှာ Avengers: Infinity War (2018), The Fate of the Furious (2017) နဲ့ Star Wars: The Force Awakens (2015)တို့ ရှိနေပါတယ်။

Avengers: Endgame ရဲ့ ဝင်ငွေကိုတော့ အမေရိကန်ဒေါ်လာ (၃)ဘီလီယံအထိ ရရှိဖို့ Disneys က တာဝန်ရှိသူတွေက မျှော်မှန်းထားကြပါတယ်။

Endgame ဟာ Rotten tomatoes မှာဆိုရင်လည်း Rating 95 % အထိရရှိထားသလို IMDB မှာဆိုရင်လည်း 8.9 မှာရှိနေပါတယ်။

Endgame ဟာ ရုံမတင်ခင်ကတည်းက နိုင်ငံတကာမှာကြိုတင်လတ်မှတ်တွေ စံချိန်တင်ရောင်းထွက်ခဲ့သလို
မြန်မာနိုင်ငံက ရုပ်ရှင်ရုံတော်တော်များများမှာလည်း ကြိုတင်လတ်မှတ်တွေ ကုန်သလောက်
ဖြစ်ခဲ့ပါသေးတယ်။

ဧပြီလ(၁၈)ရက်နေ့မနက် မင်္ဂလာကနေ End Game လတ်မှတ်တွေ အွန်လိုင်းမှာစတင်ရောင်းချခဲ့တဲ့အချိန်တုန်းကလည်း မနက်(၃း၀၀)နာရီအထိ လတ်မှတ်ဝယ်ယူမှုတွေများပြားခဲ့တဲ့အတွက် Server Error တက်သွားသေးတယ်လို့ လတ်မှတ်ဝယ်ယူခဲ့တဲ့သူတွေဆီက သိရပါတယ်။