ရဲနဲ့စစ်တပ်ကအကြမ်းဖက်ပစ်ခတ်လို့ ကလေးမြို့က ဗိုက်ကျည်ထိမှန်သူ စိုးရိမ်ရ

0
24
O Media
O Media

မတ်လ(၂)ရက်၊ ၂၀၂၁။

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့တွေက အင်အားသုံးဖြိုခွင်းပစ်ခတ်ခဲ့တာကြောင့် တစ်ယောက်စိုးရိမ်ရပြီး(၄)ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စိုးရိမ်ရသူတစ်ယောက်ဟာ ဗိုက်မှာဒဏ်ရာရရှိထားပြီး၊ ကျန်တဲ့ကျည်ထိမှန်သူတွေကတော့ ခြေထောက်၊ လက်တွေမှာဖြစ်တယ်လို့ သိရပါတယ်။

“အခုတော့ လူစုကွဲသွားပြီ။ သေနတ်နဲ့ပစ်တယ်၊ မီးသတ်ပိုက်နဲ့ ရေဖျန်းတယ်။ မျက်ရည်ယိုဗုံးနဲ့ပစ်တယ်၊ စနိုက်ပါနဲ့ ပစ်တယ်။ ဆန္ဒပြပြချင်းကို ဖြိုခွင်းခံလိုက်ရတယ်။ အခုထိတော့ တပ်က လှည့်နေတုန်း ကျွန်တော်တို့လည်း ပိတ်မိနေတယ်။”လို့ ‌ကလေးမြို့ ဒေသခံတစ်ယောက်က O Media ကိုပြောပါတယ်။