ရှမ်းပြည်နယ်၊ လောက်ကိုင်နဲ့ ကရင်ပြည်နယ်၊ မြဝတီမှာ တရုတ်နိုင်ငံသား(၁၂)ယောက်ကိုဖမ်းမိ

0
39
O Media
O Media

Photo : TIT

ဇူလိုင်(၁၅)ရက်၊ ၂၀၂၀။

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်(၃)ရပ်ကွက်က ဒေသအခေါ်ဘောင်တီးကာစီနိုရုံကို ပူးပေါင်းလုံခြုံရေးအဖွဲ့တွေ ဇူလိုင်လ(၁၄)ရက်နေ့က ဝင်ရောက်ရှာဖွေချိန် လောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံသား(၄)ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို ဖမ်းဆီးရှာဖွေချိန် လောင်းကစားလုပ်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသား(၉)ယောက်နဲ့ အမျိုးသမီး(၅)ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ထဲမှာလည်း တရားမဝင်ဝင်လာတဲ့ တရုတ်နိုင်ငံသား(၈)ယောက်ကို ဇူလိုင်လ(၁၄)ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ(၈)ယောက်ကိုတော့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဖျားတာ၊ ကိုယ်ပူချိန်မြင့်တာတွေကို မတွေ့ရှိခဲ့ဘူးလို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာတော့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား(၁၂)ယောက်ကို သက်ဆိုင်ရာရဲစခန်းအသီးသီးကို အပ်နှံထားတယ်လို့သိရပါတယ်။