ရှာကာအနီကတ် ပီပီရဲ့ လုပ်ရပ်ထက်ဆိုးတယ်လို့ အာတီတာ အပြစ်တင်

0
85
O Media
O Media

Photo : AFP

ရှာကာ အသင်းခေါင်းဆောင်လုပ်တဲ့ပွဲဆိုရင် အွန်နရီက တီဗီပိတ်လိုက်တယ်လို့ အီဗရာအရွန်းဖောက်

ဒီဇင်ဘာ (၁၄) ရက်၊ ၂၀၂၀။

အာဆင်နယ်အသင်းဟာ ဒီဇင်ဘာ (၁၃) ရက် ညက ဘန်လေနဲ့ အိမ်ကွင်းပရီးမီးယားလိဂ်ပွဲ ကစားခဲ့ရာ တိုက်စစ်မှူးအူဘာမီယန်း ကိုယ့်ဂိုး ဂိုယ်သွင်းတဲ့ တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲချိန်တစ်နာရီမပြည့်မီမှာပဲ အာဆင်နယ်အသင်းခေါင်းဆောင် ရှာကာဟာ နှစ်သင်းကစားသမားတွေ စကားများတုန်းမှာ ဘန်လေကွင်းလယ်ကစားသမား အက်ရှ်လေဝက်စ်ဝုဒ်လည်ပင်းကို ညှစ်ပြီး တွန်းလှဲခဲ့လို့ အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပါတယ်။

အာဆင်နယ်အသင်း အခုနှစ်ရာသီပရီးမီးယားလိဂ် (၁၂) ပွဲကစားရာမှာ ခုနစ်ပွဲမြောက်ရှုံးခဲ့ပြီး နောက်ဆုံးအိမ်ကွင်းလေး ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့လို့ ဝေဖန်မှုနဲ့ဖိအားတွေ များစွာရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ရှာကာရဲ့လုပ်ရပ်က ပြီးခဲ့တဲ့လက လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ပြိုင်ဘက်ကို ခေါင်းနဲ့တိုက်ခဲ့လို့ အနီကတ်ထိခဲ့တဲ့ တောင်ပံကစားသမား ပီပီလုပ်ရပ်ထက် ပိုဆိုးရွားတယ်လို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။

“လုံးဝ လက်မခံနိုင်စရာပဲ။ သူအမှားတစ်ခု လုပ်ခဲ့တယ်။ ဒီဖြစ်ရပ်မဖြစ်ခင် ကိုယ်တွေက ပွဲကို စိုးမိုးနေနိုင်တယ်။ ကျွန်တော်တို့သေချာပေါက် နိုင်ရမယ့်ပွဲကနေ ၁၀ ယောက်နဲ့ကစားရတဲ့အဖြစ် ရောက်သွားခြင်းဟာ ပြိုင်ဘက်ကို အခွင့်အရေးပေးလိုက်တာပဲ။”လို့ အာတီတာက ပြောခဲ့ပါတယ်။

ဒီပွဲကို စကိုင်းစပို့တ်ရုပ်သံက ဘောလုံးပွဲသုံးသပ်တင်ဆက်တဲ့ မန်ယူနဲ့ ပြင်သစ်ခံစစ်မှူးဟောင်း အီဗရာက အာဆင်နယ် ဂန္ထဝင် တိုက်စစ်မှူးကြီး အွန်နရီက ရှာကာကို အသင်းခေါင်းဆောင် လက်ပတ်နဲ့ ပွဲထွက်လာရင် အာဆင်နယ်ပွဲကို မကြည့်တော့ဘဲ တီဗီပိတ်လေ့ရှိတယ်လို့လည်း ပြောပြသွားပါတယ်။

Ref : Skysport