လီဗာပူးဘက်သွင်းခဲ့တဲ့ ဖရီးကစ်ဂိုးကို ကာဗာနီအကြံပေးထားတဲ့အတိုင်း ကန်သွင်းခဲ့တာလို့ ဖာနန်ဒက်ဝန်ခံ

0
72
O Media
O Media

Photo : AFP

ဇန်နဝါရီ (၂၅) ရက်၊ ၂၀၂၁။

ဇန်နဝါရီလ (၂၅) ရက်နေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ လီဗာပူးကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်ဆုံးရရှိခဲ့တဲ့ ဖရီးကစ်ဂိုးကို ကာဗာနီအကြံပေးတဲ့အတိုင်း ကန်သွင်းခဲ့တာလို့ ဖာနန်ဒက်က ဖွင့်ဟခဲ့ပါတယ်။

ဒီပွဲမှာအဖွင့်ဂိုးကို လီဗာပူးဘက်က တိုက်စစ်မှူး ဆာလက်ချ်က ပွဲစပြီး (၁၈) မိနစ်မှာသွင်းယူကာ မန်ယူဘက်မှ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့က (၂၆) မိနစ်နဲ့ (၄၈) မိနစ်တွေမှာ နှစ်ဂိုးပြန်သွင်းပေးခဲ့ပါတယ်။

ပွဲချိန် (၅၈) မိနစ်မှာတော့ လီဗာပူးအတွက် ဆာလက်ချ်က ချေပဂိုးပြန်သွင်းခဲ့ပြီး ပွဲချိန် (၇၈)မိနစ်မှာ ဖာနန်ဒက်စ်က ဒီပွဲရဲ့ အနိုင်ဂိုးကို ဖရီးကစ်ကနေ လှလှပပ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အဲဒီပွဲမတိုင်ခင် တစ်ရက်ကလေ့ကျင့်ခန်းအပြီး (၄၅) မိနစ်ကြာ ဖရီးကစ်လေ့ကျင့်နေခဲ့လို့ မိမိကိုယ်တိုင် ကြိမ်းမောင်း အနားယူခိုင်းခဲ့ရတယ်လို့ မန်ယူနည်းပြ ဆိုးရှားက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဆိုးရှားဟာ လီဗာပူးနဲ့ပွဲမှာ ဖာနန်ဒက်စ်ကို ပွဲထွက်မကစားခိုင်းခဲ့ဘဲ လီဗာပူးအသင်း ပွဲချိန်နှောင်းပိုင်းတွေမှာ ခြေစွမ်းကျဆင်းလာတတ်တာကို သိလို့ ပွဲချိန်နှောင်းပိုင်းမှာ ဗန်ဒီဘိခ်နေရာ လူစားဝင်ကစားစေပြီး ဖရီးကစ်ကနေ ဂိုးသွင်းနိုင်ခဲ့တာလို့ ဆိုးလ်ရှားက ဆိုပါတယ်။

“တကယ့် လှပတဲ့ ဖရီးကစ်ဂိုးပါပဲ။ သူ့ကို ပွဲထွက်မကစားရဘူးပြောတိုင်း သူဟာ အေးအေးဆေးဆေးမနားဘူး။ စနေနေ့က လေ့ကျင့်ခန်းအပြီး ၄၅ မိနစ်ကြာ ဖရီးကစ်ဆက်လေ့ကျင့်နေလို့ ဒေါသထွက်ပြီး အထဲပြန်ဝင်နားခိုင်းလိုက်ရသေးတယ်။ ဒါပေမဲ့ အချိန်ယူပြီး ဖရီးကစ်လေ့ကျင့်ခဲ့ရာက ဒီနေ့လို လှပတဲ့ဖရီးကစ်နဲ့အသင်းကို အနိုင်ရစေခဲ့တာပဲ။” လို့ ဆိုးလ်ရှားက ချီးကျူးသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ကို အဲဒီဖရီးကစ်ဂိုးသွင်းနိုင်စေဖို့ အသင်းဖော်ဝါရင့်တိုက်စစ်မှူး ကာဗာနီ ပေးတဲ့အကြံအတိုင်း ကန်သွင်းခဲ့တာဖြစ်တယ်လို့ ဖွင့်ခဲ့ပါတယ်။

Ref : Sky Sport