မြေပြိုလို့ လူ(၆၀)ကျော်သေဆုံးခဲ့တဲ့ မလတ်တောင်ဆက်ပြိုကျနိုင်

0
166
တောင်ပြို
တောင်ပြို

PHOTO: Myanmar Fire Services Department

သြဂုတ်လ(၁၃)ရက်၊ ၂၀၁၉။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာက မလတ်တောင်ဟာ ဆက်လက်ပြိုကျနိုင်ခြေရှိလို့ သက်ဆိုင်ရာတာ ဝန်ရှိသူတွေနဲ့ ပညာရှင်တွေက စစ်ဆေးနေတယ်လို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။

“ရာသီဥတုအပေါ်မူတည်တာပေါ့။ မိုးအရမ်းများရင်တော့ ပြိုကျနိုင်တဲ့အခြေအနေရှိပါတယ်။ ပြိုကျရင်တော့ အရင်လောက် မဆိုးတော့ဘူး။ ဒါပေမဲ့ အန္တရာယ်တော့ရှိတာပေါ့။ ဘာလို့လဲဆိုတော့ မိန်းလမ်းမကြီးရှိနေတော့။ အဲဒီနားမှာ အိမ်တွေတော့ရှိသေးတယ်။ လူတွေကိုတော့ ဘေးလွတ်ရာကိုရွှေ့ထားပါတယ်။”လို့ ပေါင်မြို့နယ်မီး သတ်ဦးစီးမှူး ဦးတင်သောင်းကပြောပါတယ်။

မလတ်တောင်ဟာ ဆက်လက်ပြိုကျနိုင်တာကြောင့် သြဂုတ်လ ၁၁ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၊ ပညာရှင်တွေနဲ့ သထုံခရိုင်မီးသတ်ဦးစီးဌာနတို့က Drone လွှတ်တင်ပြီး စမ်းသပ်ကြည့်ရှု့သလို သြဂုတ်လ ၁၂ ရက်နေ့မှာလည်း နိုင်ငံတော်ဒုတိယသမ္မတသက်ဆိုင်ရာဝန်ကြီးတွေ လာရောက်ကြည့်ရှု့ခဲ့ကြတယ်လို့ သိရပါတယ်။

သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားတဲ့နေရာမှာ နောက်ထပ်ဖြစ်နိုင်ခြေရှိ၊ မရှိကို Drone နဲ့ရိုက်ပြီးစမ်းသပ်တာ မှာ နောက်ထပ်အက်ကြောင်းတွေ့ထားပြီးတော့ မိုးကြီးရင်ပြိုကျနိုင်တာကြောင့် အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ကို
ပြည်နယ်အစိုးရအဖွဲ့ဆီ တင်ပြပေးသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းကပြောပါတယ်။

“တောင်ခြေမှာတော့ ဒေသခံတော့ ဘယ်သူမှမရှိတော့ဘူး။ ပြိုနိုင်တဲ့ဟာက ပြိုသွားပြီးတဲ့နေရာနားမှာ မြေ သားနုပြီး တွဲကျနေတဲ့နေရာကိုပြောတာပါ။ အခုတော့ပညာရှင် တွေလာစမ်းသပ်နေကြတယ်။ မပြီးသေးဘူး။” လို့ မိကွန်ချမ်းကပြောပါတယ်။

မလတ်တောင်ပြိုကျတာကြောင့် သေဆုံးသူဟာ သြဂုတ်လ ၁၃ ရက်၊ နေ့လည်ပိုင်းအထိ စုစုပေါင်း(၆၃)ယောက် အထိရှာဖွေတွေ့ရှိထားပြီးတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။