လှိုင်သာယာက ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု(၈)ထောင်ကျော်အတွက် ရိက္ခာတွေဝေငှ

0
84
Omedia
Omedia

မေ(၇)ရက်၊ ၂၀၂၀။

လှိုင်သာယာက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုပေါင်း(၈၀၀၀) ကျော်ကို ကိုဗစ်ကော်မတီက ဒီလ(၅)ရက်နေ့ကစပြီး ရိက္ခာတွေဝေပေးနေတယ်လို့ လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က O Media ကို ပြောပါတယ်။

“အဲ့ဒါက နိုင်ငံတော်က ပေးအပ်တဲ့အချိန်မှာ မရရှိခဲ့တဲ့လူတွေအတွက် လှိုင်သာယာမြို့နယ်ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးကော်မတီကနေပြီးတော့မှ အစ်ကိုတို့ကော်မတီကိုလှူဒါန်းထားတဲ့ ပစ္စည်းတွေကို သေချာစနစ်တကျနဲ့ခွဲဝေပေးတာပါ” လို့ လှိုင်သာယာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

အဲဒီလို ရိက္ခာတွေဝေပေးနိုင်ဖို့အတွက် လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ ရပ်ကွပ်တွေနဲ့ကျေးရွာတွေကို စာရင်း လိုက်ကောက်ထားပြီး တစ်ရက်ကိုအနည်းဆုံး(၂)ရပ်ကွက်လောက်ကို လှူဒါန်းတာတွေပြုလုပ်ပေးနေတာလို့ သူက ပြောပါသေးတယ်။

အဲဒီလိုပေးဝေတဲ့အခါ အိမ်ထောင်စုတစ်စုကို ဆန်(၄)ပြည်၊ ဆီ(၅)ဆယ်သားနဲ့ ကြက်သွန်တစ်ပိဿဆီ ဝေငှပေးနေတာလို့ သိရပါတယ်။

Photo : U Myat Min Thu’s FB
#Omedia #Covid #HlaingThaya #TH