လှော်ကားက တိရိစ္ဆာန်တွေကို အစားကျွေးနိုင်ဖို့ တစ်ရက်(၂)ကြိမ်ဖွင့်ပေးမယ်

0
202
O Media
O Media

Photo : Hlawga Park

မေ(၁၁)ရက်၊ ၂၀၂၀။

ကိုဗစ်ကြောင့် လှော်ကားဥယျာဉ်ပိတ်ထားပေမဲ့ တိရိစ္ဆာန်အစာလှူဒါန်းချင်တဲ့သူတွေအတွက် တစ်နေ့နှစ်ကြိမ် ဝင်ရောက်ကျွေးမွေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဒီနေ့မေလ(၁၁)ရက်နေ့မှာ လှော်ကားဥယျာဉ်က ထုတ်ပြန်လိုက်ပါတယ်။

တစ်နေ့ကို မနက်ကိုးနာရီကနေ(၁၂)နာရီနဲ့ ညနေ(၃)နာရီကနေ(၅)နာရီတွင်း ဝင်ရောက်ကျွေးမွေးရမှာ ဖြစ်ပါတယ်။

လာရောက် ကျွေးမွေးသူတွေအနေနဲ့ တစ်ယောက်ချင်းဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ်လာနိုင်ပေမဲ့ ကျန်းမားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့အညီ(၅)ယောက်ထက်မပိုဖို့လိုအပ်ပြီး Maskနဲ့လက်အိတ်ဝတ်ဆင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဥယျာဉ်ထဲမှာတော့ ဆတ်၊ ဒရယ်၊ သမင်၊ ချေ၊ တောဝက်၊ တောကြောင်၊ ရှဉ့်၊ မျောက်၊ နွားနောက်၊ တွားသွား သတ္တဝါ၊ ကုန်းနေရေနေသတ္တဝါနဲ့ ကျေးငှက်တွေရှိနေပါတယ်။

လှော်ကားဘေးမဲ့တောကိုတော့(၁၉၅၆)ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာဖြစ်ပြီးတော့ ၁၉၈၉ ခုနှစ်မှာ ဧည့်သည်တွေကြည့်ရှုလေ့လာနိုင်ဖို့ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။