သက်ကြီးရွယ်အို၊ မသန်စွမ်းနဲ့ အနာကြီးရောဂါသည်တွေကို အစိုးရကငွေကြေးထောက်ပံ့မယ်

0
41
O Media
O Media

ဇူလိုင်(၁၅)ရက်၊ ၂၀၂၀။

ကိုဗစ်ကာလထဲမှာ အသက်(၈၀)နှစ်ကနေ (၈၄)နှစ်ကြား သက်ကြီးရွယ်အိုတွေကို အစိုးရကငွေသုံးသောင်းကျပ် ထောက်ပံ့ပေးဖို့ရှိနေပါတယ်။

ဇူလိုင်လ(၁၅)ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်ဦးမြင့်နိုင်က COVID–19 ရောဂါကာကွယ်ရေးအတွက် ဘယ်လိုအစီအမံတွေရှိလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောခဲ့တာပါ။

ဒါ့အပြင် မသန်စွမ်းတွေကို ကျပ်(၃၀၀၀၀) တစ်ကြိမ်၊ အနာကြီးရောဂါခံစားနေရသူတွေကို ကျပ်(၅၀၀၀၀) တစ်ကြိမ်ထောက်ပံ့မယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်ထောက်ပံ့မှုမရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း သတ်မှတ်ထားတဲ့ ပုံစံအတိုင်းထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။