သစ်ပင်(၅၂)မျိုးကို တားမြစ်သစ်ပင်အဖြစ်သတ်မှတ်

0
359
သစ်တော
သစ်တော

သြဂုတ်လ(၂)ရက်၊ ၂၀၁၉။

မြန်မာတစ်နိုင်ငံလုံးမှာ သစ်ပင်(၅၂)မျိုးကို တားမြစ်ထားတဲ့အပင်အဖြစ် သြဂုတ်လ ၁ ရက်ကစပြီး သတ်မှတ်လိုက်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။

အဲဒီသစ်ပင်(၅၂)မျိုးကို ၂၀၁၈ ခုနှစ် ပြည်ထောင်စုဥပဒေအမှတ် (၂၀)၊ သစ်တော့ဥပဒေပုဒ်မ(၈)၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(ဂ)အရ သတ်မှတ်လိုက်တာလို့ သိရပါတယ်။

“သစ်တောပြုန်းတီးတာထက်၊ ထိန်းသိမ်းဖို့လိုအပ်နေတာကို ထိန်းသိမ်းတဲ့သဘောပေါ့။ ထိန်းသိမ်းဖို့လိုအပ်တဲ့ ဥပမာ ရခိုင်ပြည်နယ်က မြိုင်ကြီးဆိုတဲ့သစ်ပင်မျိုးဆိုရင် တစ်ကမ္ဘာလုံးမှာ သစ်ပင်(၂၀)လောက်ပဲရှိတော့တာကို ကျွန်တော်တို့ဆီမှာ တွေ့နေရသေးတယ်။ မျိုးတုံးပျောက်ကွယ်လုနီးဖြစ်နေတဲ့အချိန်မှာ ဒီလိုအပင်တွေ့ရှိလို့
တားမြစ်ဖို့ လိုအပ်ပါတယ်။”လို့ မြန်မာ့သစ်လုပ်ငန်း၊ သစ်လုပ်ငန်းကဏ္ဍရဲ့ ညွန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက O Media ကို ပြောပါတယ်။

အရင်နှစ်တွေက မြန်မာနိုင်ငံတစ်ဝှမ်း အဖိုးတန်သစ်အဖြစ်သတ်မှတ်ပြီး တားမြစ်တဲ့သစ်ပင်အမျိုး(၂၀)ပဲရှိခဲ့ပြီး အခုနှစ်မှာတော့ ၂၀၁၈ ခုနှစ်ဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို သဘော ထားကောက်ခံပြီး ပြည်နယ်အလိုက်ထည့်သွင်း၊ တားမြစ်ချင်တဲ့ သစ်အမျိုးအစားတွေကို ပြန်လည်ထည့်သွင်း သတ်မှတ်ထား တာလို့ သိရပါတယ်။

အဲဒီအဖိုးတန်အဖြစ် သတ်မှတ်ထားတဲ့ သစ်ပင်(၅၂)မျိုးကို ခုတ်ယူတာလုပ်ဆောင်ရင် တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“တရားမဝင်ခုတ်တယ်ဆိုရင်တော့ ၂၀၁၈ ခုနှစ်ဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ သာမာန်သစ်ပင် တစ်ပင်ခုတ်တဲ့ပစ်ဒဏ်နဲ့ တားမြစ်ထားတဲ့သစ်ကို ခုတ်တဲ့ပစ်ဒဏ်က ပိုကြီးမှာပေါ့။ တရားဝင်ခွင့်ပြုချက်မရှိရင် တော့ ဘယ်သစ်ပင်မှ ခုတ်လို့မရဘူး။ ဒီအထဲမှာမှ အဖိုးတန်သစ်တွေကို ပိုပြီးတင်းတင်းကြပ်ကြပ်တားမြစ်လိုက် တာပါ။”လို့ ဦးအောင်ဝင်းထွန်းက ပြောပါတယ်။

တားမြစ်လိုက်တဲ့သစ်တွေကတော့ ကျွန်း၊ သစ်ခါး(ကရှစ်၊ ပန်းသစ်ရာ)၊ သစ်ရှို၊ သင်္ကန်း(သင်္ကန်းရွှေ၊ သစ်သ င်္ကန်း)၊ သင်္ကန်းနက်(သင်္ကန်းကျောက်)၊ သင်္ကန်းပွဲ၊ တညင်ပျံ၊ ပျဉ်းကတိုး၊ ရှား၊ ပိတောက်၊ ကညင်ဖြူအပါအဝင် ကညင်(၈)မျိုး၊ ကရဝေး၊ မှန်သင်း၊ သစ်ကြံပိုးပင်၊ သီဟိုဠ်သစ်ကြံပိုးပင်၊ ပျဉ်းမဖြူ၊ ကုန်းပျဉ်းမပင်၊ ချယ်ရီ၊ ထင်း ရှူး(၄)မျိုး၊ တယော၊ သစ်ယာ၊ အင်ကြင်း၊ သစ်မွှေး၊ ကမ်းဇော်၊ ကနစို(ရေကနစို၊ ပင်လယ်ကနစို)၊ တမလန်း၊ တမလန်းဖို၊ တရုတ်ခေါင်းပင်၊ ကျောက်ထင်းရှူး(၄)မျိုး၊ ပျဉ်းပိတောက်(၂)မျိုး၊ လိပ်သဲ၊ ဥပါန်(သင်္ကန်းဖြူ၊ ကျောက်သင်္ကန်း)၊ သော်ကကြီး၊ ကျန(ကြတ်နန်)၊ ပင်လယ်အုန်း၊ မြိုင်ကြီးသစ်ပင်တို့
ဖြစ်တယ်လု့ိ သိရပါတယ်။