သထုံ Quarantine စင်တာက ထွက်ပြေးသွားတဲ့ ပြည်တော်ပြန်အမျိုးသမီးကို မတွေ့သေး

0
37
O Media
O Media

Photo : Khaing Khaing Leh

ဇူလိုင်(၁၅)ရက်၊ ၂၀၂၀။

သထုံမြို့နယ် စက်မှုကျောင်း Quarantine စင်တာက ထွက်ပြေးသွားတဲ့ အမျိုးသမီးကို အခုအချိန်ထိပြန်မတွေ့သေးဘူးလို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။

အဲဒီအမျိူးသမီးဟာ ပြီးခဲ့တဲ့ဇူလိုင်လ(၁၃)ရက်နေ့ညပိုင်းက Quarantine စင်တာကနေ ခိုးပြီးထွက်ပြေးသွားတာလို့ သိရပါတယ်။

“အခုအခြေအနေကတော့ စုံစမ်းရှာဖွေမှုတွေ လုပ်နေတုန်းပါပဲဗျ။ Quarantine စင်တာမှာက လူမှုကူညီရေးအဖွဲ့တွေ လုံခြုံရေးတွေတော့ ချထားတယ်ဗျ။ သူက အလစ်မှာ ထွက်ပြေးသွားတာပါ။”လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက O Media ကို ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ မြဝတီနယ်စပ်ဂိတ်ကတဆင့် ပြန်လာတဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၈)ရက်နေ့က Quarantine စင်တာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ အမျိုးသမီးဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နေသူဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ရဲတပ်ဖွဲ့ဝင်တွေက သူနေထိုင်ခဲ့တဲ့ နေရပ်လိပ်စာအပါအဝင် ဆွေမျိုးတွေရှိတဲ့နေရာတွေကိုပါ လိုက်စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။