အခွန်ဥပဒေကြမ်းအရ ၂၀၂၀-၂၁ မှာ စီးကရက်အမျိုးမျိုးအတွက် အခွန်တိုးလာနိုင်

0
187
O Media
O Media

ဇူလိုင်(၁၅)ရက်၊ ၂၀၂၀။

၂၀၂၀ ပြည့်နှစ် အခွန်အကောက်ဥပဒေကြမ်းအရ ပြည်တွင်းကိုတင်သွင်းမယ့် စီးကရက်အမျိုးမျိုးအတွက် အခွန်ပမာဏတွေတိုးလာပါတယ်။

ပြည်တွင်းကိုတင်သွင်းမယ့် စီးကရက်ဗူးတန်ဖိုးအလိုက် အခွန်နှုန်းထားတွေမြင့်တက်လာတာဖြစ်ပြီးတော့ တစ်လိပ်ကို (၁၀)ဆယ်ကျပ်ကနေ (၂၇)ကျပ်အထိ အခွန်ပေးသွင်းရမှာပါ။

၂၀၁၈ ခုနှစ်ဥပဒေမှာတော့ အခွန်နှုန်းထားဟာ တစ်လိပ်ကို(၆)ကျပ်ကနေ(၂၁)ကျပ်အထိ ကောက်ခံထားပြီးတော့ ၂၀၁၉ ခုနှစ်မှာ တစ်လိပ်ကို(၈)ကျပ်ကနေ(၂၅)ကျပ်အထိကောက်ခံခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ စီးကရက်တန်ဖိုးအလိုက် အခွန်နှုန်းထား(၂)ကျပ်ဝန်းကျင်စီ ထပ်တိုးမြှင့်ထားတာဖြစ်ပါတယ်။

စီးကရက်(၂၀)လိပ်ပါတစ်ဗူး (၆၀၀) ကျပ်အထိကို တစ်လိပ်ကို (၁၀) ကျပ်၊ တစ်ဗူးကို (၆၀၁)ကျပ်ကနေ (၈၀၀)ကျပ်အထိဆိုရင် တစ်လိပ်(၁၉)ကျပ်၊ တစ်ဗူးကို (၈၀၁)ကျပ်ကနေ(၁၀၀၀)ကျပ်အထိကို တစ်လိပ်( ၂၄) ကျပ်၊ တစ်ဗူးကိုရောင်းဈေး(၁၀၀၁)ကျပ်နဲ့အထက်ဆိုရင် တစ်လိပ်ကို(၂၇)ကျပ် အခွန်ကျသင့်မှာဖြစ်ပါတယ်။