အင်းတော်မြို့နယ်ထဲက ရထားသံလမ်းဘေးတောစပ်မှာ ကျောင်းသူ(၂)ယောက်အလောင်းတွေ့

0
231
O Media
O Media

Photo : Zin Moe’s FB

ဇူလိုင်(၁၄)ရက်၊ ၂၀၂၀။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာနားက မီးရထားသံလမ်းဘေးတောစပ်၊ မောင်းအင်းကန်ဘေးမှာ ကျောင်းသူနှစ်ယောက်အသတ်ခံထားရတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

“ကျွန်တော်တို့အခု အခင်းဖြစ်နေရာမှာရောက်ပြီးတော့ စစ်ဆေးနေတာတွေရှိပါတယ်။ အခုကတော့ သက်သေတွေစစ်တာတွေနဲ့ ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်းဆောင်ရွက်နေပါတယ်” လို့ အင်းတော်မြို့နယ်မှူး ရဲမှူးညွန့်စိန်ဦးက O Media ကို ပြောပါတယ်။

သေဆုံးသွားသူတွေဟာ (၁၀)တန်းကျောင်းသူနဲ့ (၈)တန်းကျောင်းသူနှစ်ယောက်လို့သိရပြီး ဇွန်လ(၁၃) ရက်နေ့လည်ပိုင်းက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုချိန်မှာတော့ တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပြီး လူသတ်မှုပုဒ်မ ၃၀၂ နဲ့အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။