အမေဖြစ်သူကို သားအရင်းက ဓားနဲ့ထိုးလိုက်လို့ ပွဲချင်းပြီးသေဆုံး

0
385
O Media ကန့်ဘလူ
O Media ကန့်ဘလူ

PHOTO : အဖြူရောင်သွေးသစ် နာရေးကူညီမှုအသင်း
စက်တင်ဘာလ(၃၀)ရက်၊ ၂၀၁၉။

ဒီနေ့ စက်တင်ဘာ(၃၀)ရက်နေ့ ကန့်ဘလူမြို့နယ်မှာ အသက်(၇၃)နှစ်အရွယ် အမေအရင်းကို သားဖြစ်သူက မကျေနပ်လို့ ဓားနဲ့ထိုးခဲ့တာကြောင့် အမေအရင်းဖြစ်သူ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူရဲစခန်းက သိရပါတယ်။

လူသတ်မှုကျူးလွန်ခဲ့တဲ့သူဟာ သူ့ရဲ့အမေအပေါ် မကျေနပ်တာ(ဒါမှမဟုတ်) နာကျည်းချက်တွေ ရှိနေတာကြောင့်ဖြစ်ပြီး အရင်တုန်းကလည်း အဲဒီလို ကြံစည်ဖူးတယ်လို့ ဘေးပတ်ဝန်းကျင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ထိုးသွင်းဒဏ်ရာက နောက်ကျောမှာ (၃)ချက်၊လက်မှာ(၁)ချက် တွေ့ရပါတယ်။ သားဖြစ်သူက အရင်တုန်းကအကောင်းပုံစံပါပဲ၊ ခုရက်ပိုင်းမှာ သူ့ပုံစံက မူမမှန်တဲ့ အပိုင်းတွေ ဖြစ်နေတာကြာပြီ အရင်တုန်းကလည်းဒီလို လုပ်ဖို့ ကြံစည်နေတယ်လို့ ဘေးပတ်ဝန်းကျင်တွေပြောလို့ သိရတယ်”လို့ အဖြူရောင်သွေးသစ် နာရေး ကူညီမှုအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ သားဖြစ်သူ စိတ်မူမမှန်တာကြောင့် အရင်နေ့တွေက ဘေးပတ်ဝန်းကျင် အိမ်တွေမှာ လှည့်လည်နေထိုင်ခဲ့ပြီး စက်တင်ဘာလ(၂၉) ရက်နေ့က သူ့ခင်ပွန်း စစ်ကိုင်းကိုသွားနေတဲ့အတွက် သားဖြစ်သူ စိတ်ပုံမှန်ဖြစ်လောက်တယ်ဆိုပြီး အိမ်ပြန်သွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် မနက်(၁)နာရီခွဲလောက်မှာတော့ ဓားနဲ့အထိုးခံခဲ့ရလို့သေဆုံးခဲ့တာကြောင့် ထွက်ပြေးသွားတဲ့ ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့ပြီး ကန့်ဘလူရဲစခန်းမှာ (ပ)၈၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။