အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက အင်တာနက်လုံခြုံရေးပညာပေးကာလပထမဆုံးသတ်မှတ်

0
227
O Media Cyber
O Media Cyber

အောက်တိုဘာလ(၄)ရက်၊ ၂၀၁၉။

မြန်မာနိုင်ငံမှာ ပထမဆုံးဆိုက်ဘာလုံခြုံရေး အသိပညာပေးတဲ့လအဖြစ် ဒီနှစ်အောက်တိုဘာလတစ်လလုံး ကျင်းပသွားမယ်လို့ ပို့ဆောင်ရးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

အဲဒီလိုပြုလုပ်တာဟာ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက ပထမဆုံးပြုလုပ်တဲ့နိုင်ငံဖြစ်တယ်လိုလည်းသိရပါတယ်။

အဲဒီအတွက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် မြန်မာသတင်း အချက်အလက်လုံခြုံရေးအဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ USICT တို့ ပူးပေါင်းလုပ်ဆောင်မယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံသားတွေက သူတို့ရဲ့အချိန်တော်တော်များကို အွန်လိုင်းမှာ အသုံးပြုလာတယ်၊ ဆိုက်ဘာ ခြိမ်းခြောက်မှုကိုပိုပြီး ခံနိုင်ရခြေပိုများတယ်၊ အွန်လိုင်းအသုံးပြုသူတွေ ဆိုက်ဘာအန္တရာယ်ကို ဘယ်လိုရှောင်ရှားရမယ် ဘယ်လိုအန္တရာယ်ကင်းအောင် သုံးစွဲရမယ်ဆိုတာကိုသင်ကြားပြသပေးဖို့လိုတယ်” လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက ပြောပါတယ်။

ဒါကြောင့် အောက်တိုဘာလမှာ စီးပွာရေးလုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့ ဆိုက်ဘာလုံခြုံရေး၊ ကျားမရေးရာနဲ့ ပတ်သက်တဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေကို အသိပညာပေးလုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဒစ်ဂျစ်တယ်အကူးပြောင်းတွေ အခြေစတည်ချိန်မှာ မြန်မာက စီးပွားရေးလုပ်ငန်းတွေ အကန့်အသတ်မရှိ ဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းမွန်တဲ့ ဆိုက်ဘာလုံခြုံရေးစနစ်ကို တည်ဆောက်ထားဖို့က အလွန်အရေးကြီးတယ်” လို့ အသိပညာပေးမှာ ပူးပေါင်းပါဝင်မယ့် Cisco system myanmar Co.Ltd ရဲ့ country business development manager Mr Sy Wann က ပြောပါတယ်။

အသိပညာလုပ်ဆောင်မယ့် သတင်းအချက်အလက်တွေကို Myanmar Cybersecurity Month 2019 နာမည်နဲ့ Facebook Page မှာ ကြေညာပေးမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဆိုက်ဘာလုံခြုံရေးအတွက် အားနည်းချက်တွေရှိပြီး အွန်လိုင်းမှာ တိုက်ခိုက်ပြောဆိုတာတွေ ခြိမ်းခြောက်ပြောဆိုမူတွေရှိသလို အစိုးရ ဝက်ဆိုဒ်တိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။