အာဏာရှင်ဆန့်ကျင်ရင်း စလင်းမြို့နယ်မှာ ကျဆုံးသွားတဲ့ကျောင်းသား မောင်အောင်မြင့်မြတ်ရဲ့ဈာပန

0
30
O Media
O Media

မတ်လ(၅)ရက်၊ ၂၀၂၁။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်က အာဏာရှင်တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ မောင်အောင်မြင့်မြတ်ရဲ့ စျာပနကို လူဦးရေသောင်းနဲ့ချီပြီး ဒီနေ့လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

မောင်အောင်မြင့်မြတ်ရဲ့ စျာပနကို ဒီနေ့မနက်ပိုင်းက စလင်းမြို့နယ်၊ ရှင်ပင်ဇာတိလှ သုသာန်မှာ သဂြိုလ်ခဲ့တာပါ။

သူဟာ မတ်လ(၃)ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ သားအဖနှစ်ယောက် လွတ်မြောက်ရေးအတွက် စလင်းရဲစခန်းအရှေ့မှာ တောင်းဆိုတဲ့အချိန် ရဲနဲ့စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာပါ။

ပစ်ခတ်ဖြိုခွင်းမှုမှာ မောင်အောင်မြင့်မြတ်အပါအဝင် ခြောက်ယောက်ထက်မနဲ ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ လက်ဖြတ်လိုက်ရသူတစ်ယောက်နဲ့ အဆုတ်နဲ့နီးတဲ့ နံရိုးမှာ ကျည်ဖူးစိုက်ဒဏ်ရာတဲ့ တစ်ယောက်ပါဝင်နေပါတယ်။

ဖမ်းဆီးခံထားရတဲ့ သားအဖနှစ်ယောက်ကိုတော့ မကွေးက ဆန္ဒဖော်ထုတ်သူတွေကိုပို့တဲ့ ရေနံချောင်းနားက ဒေါင်းနေထောင်ကိုပို့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ မောင်အောင်မြင့်မြတ်ကတော့ ၂၀၁၈ ခုနှစ်မှာ ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူဖြစ်ပြီး မိသားစုကတော့ ပန်းရောင်းတဲ့အလုပ်ကို လုပ်ကိုင်တယ်လို့ သိရပါတယ်။