ချန်ဂီဆေးရုံဟောင်း (စင်္ကာပူ) Old Changi Hospital, Singapore

Photo: allsingaporestuff
အဲဒီဆေးရုံဟောင်းကိုတော့ ဗြိတိသျှ တော်ဝင်လေတပ်ကတည်ဆောက်ထားခဲ့ပြီး ဒုတိယကမ္ဘာစစ်မှာတော့ ဂျပန်တွေဟာ သုံ့ပန်းတွေကိုထားတဲ့ထောင်အဖြစ် အသုံးပြုခဲ့ပါတယ်။
၁၉၉၇ ခုနစ်မှာတော့ ဒီဆေးရုံးကိုပိတ်ပစ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ညဘက်တွေမှာ အော်သံတွေနဲ့ ဆူညံနေတယ်ဆိုတဲ့အတွက်သရဲဖမ်းတဲ့သူတွေ၊ ရှာတဲ့သူတွေ မျက်စိကျတဲ့နေရာတစ်ခုပါ။
ပီနန်းက သရဲကုန်း (မလေးရှား) Penang’s Ghost Hill, Malaysia

“ဘုကစ် ဟန်တူ” လို နာမည်ခေါ်ကြတဲ့ သရဲကုန်းကတော့ ဘုတုမောင် မှာတည်ရှိပီ ချောက်ချားဖွယ်အကောင်းဆုံးလို့ နာမည်ကြီးပါတယ်။ ဗြိတိသျှတွေဟာ ဒီကုန်းပေါ်မှာ ခံတပ်ကြီးတခုတည်ဆောက်ခဲ့ပြီး ဒါကို ဒုတိယကမ္ဘာစစ်မှာတော့ ဂျပန်တွေကယူပီ သုံ့ပန်းစခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။
ဂျပန်အရာရှိတစ်ယောက်ဖြစ်တဲ့ Tadashi Suzuki ကတော့ သုံ့ပန်းတွေကို အဲဒီနေရာမှာ ရက်ရက်စက်စက် ကွပ်မျက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဒီကုန်းကြီးဟာ စစ်အတွင်း ပြတိုက်ဖြစ်လာပြီး သရဲတွေလဲ အများအပြားရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။
ဘေဟေး န ပူလ (ဖိလပီုင်) Bahay na Pula, Philippines

ဒီအိမ်ကြီးကိုတော့ ၁၉၂၉ခုနှစ်မှာတည်ဆောက်ထားပီးတော့ အဲဒီအိမ်ဟာ ဘူလကန်မှာရှိတဲ့ အိမ်ကြီးအိမ်ကောင်းတလုံးပါ။ ဝမ်းနည်းစရာအဖြစ်အပျက်ကတော့ ဂျပန်တွေဝင်ရောက်လာတဲ့အခါမှာ ဒီအိမ်ကြီးဟာ စစ်သားတွေအတွက် လိင်ကျွန်တွေထားရာအိမ်ကြီးဖြစ်လာပါတယ်။
နောက်ပိုင်းမှာတော့ ဒေသခံတွေကအစ ဒီအိမ်ကြီးကို လှည့်မကြည့်ရဲကြဘူးလို့ ဆိုကြပါတယ်။ ၂၀၁၆မှာတော့ ဖြိုချပြီး အသစ်ပြန်ဆောက်ခဲ့ကြပါတယ်။
မန်ဂါရီ ရထားဘူတာ(အင်းဒိုနီးရှား) Manggarai Station train graveyard, Indonesia

၁၉၈၇ခုနစ် အောက်တိုဘာ ၁၉ရက်၊ တနလာၤနေ့ မနက်ခင်းတစ်ခုမှာတော့ ရထား၂စင်း အပြင်းအထန်တိုက်မိခဲ့ပါတယ်။ ဒါဟာကြောက်စရာအဖြစ်အပျက်တစ်ခုကို အသွင်ပြောင်းခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ တနလာၤနေတိုင်းလိုလို ဒီလိုရထား၂စင်းတိုက်ကြတာဖြစ်ပါတယ်။ အဲဒီနေရာမှာ ပျက်စီးသွားတဲ့ရထားအပိုင်းအဆတွေနဲ့အတူ သေသူတွေရဲ့ ဝိညာဉ်တွေတွဲကပ်နေတုန်းပဲလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။