မြောက်ဦးမှာ မိုးများခဲ့လို့ ရှေးဟောင်းစေတီတစ်ဆူပြိုကျ

0
201
မြောက်ဦး
မြောက်ဦး

PHOTO: Kyaw Soe Naing

ဇူလိုင်လ(၁၉)ရက်၊ ၂၀၁၉။

ရှေးဟောင်းအမွေအနစ်စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ မြောက်ဦးမြို့နယ်မှာ မိုးကြီးခဲ့လို့ ရှေးဟောင်း စေတီတစ်ဆူပြိုကျ ပျက်စီးနေတယ်လု့ိ ဒေသခံတွေဆီက သိရပါတယ်။

ပြိုကျပျက်စီးခဲ့တဲ့ စေတီတော်ဟာမြောက်ဦးမြို့နယ် ကြက်ဈေးရပ်ကွက်ရှိ မြတန်ဆောင်း အရံစေတီ(ခ) အရှေ့မြတန်ဆောင်းစေတီဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်၊ မြောက်ဦးမြို့ ကြက်ဈေးရပ်ကွက်က မြတန်ဆောင်းစေတီပါ၊ တိုက်ပွဲတွေကြောင့် ပြိုကျတာမဟုတ်ပါဘူး။ (၅)ရက်နေ့ကနေပြီးတော့ ၁၃ ရက်နေ့ထိ တစ်ပါတ်လောက် ရွာတဲ့မိုးကြောင့် ပြိုကျသွားတာပါ၊ လက်ရှိတော့ အင်ဂျင်နီယာတွေနဲ့ ပျက်စီးမှုအခြေအနေတွေကို တိုင်းတာနေပြီး ပြန်လည်ပြုပြင်ဖို့ လုပ်နေပါတယ်။” လို့ မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

အခု ပြိုကျပျက်စီးခဲ့တဲ့ စေတီကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)လောက်တုန်းကလည်း
ပြုပြင်ထားဖူးတယ်လု့ိ သိရပါတယ်။

“မြောက်ဦးမှာ ယိုယွင်းနေတဲ့ ဘုရားတွေက အများကြီးရှိပါတယ်။ပျက်စီးနေတဲ့ ဘုရားတွေကလည်း အများကြီးပါ အဲ့တော့ တဖြည်းဖြည်းနဲ့ ပြင်သွားရမှာပါ။” လို့ ဦးသန်းထိုက်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကိုတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့အတွက် UNESCO ကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ အဆိုပြုတင်သွင်းတော့မယ်လို့ သိရပါတယ်။